အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

U Kyaw Lin Htun
U Kyaw Lin Htun 348 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါ

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

ရွက်လိပ်ရွက်ခေါက်ပိုးဖျက်စီးမှုက စပါးအတွက် ဆိုးဝါးစွာမထိခိုက်နိုင်ပါ။ ဘာလို့လဲဆိုတော့စပါးခင်းအတွင်းရှိ Itoplectis narangae(Ashmead) (pupal parasitoid), Temelycha philippinensis(Ashmead), Macrocentrus philippinensis (female parasite) စတဲ့ မိတ်ဆွေပိုးတွေက စပါးရွက်လိပ်ပိုးများအား သဘာဝနည်းဖြင့် ကာကွယ်ပေးနေပါတယ်။ ဒါပေမယ့်မြန်မာနိုင်ငံကတောင်သူတွေကတော့ရွက်လိပ်ပိုးနည်းနည်းတွေ့ရုံဖြင့် ပိုးသတ်ဆေးများကိုဖြန်းလေ့ရှိပါတယ်။ ဒီလိုပက်ဖျန်းတာက စပါးကွင်းအတွင်းမှာရှိတဲ့ သဘာဝမိတ်ဆွေပိုးများကို သေစေပြီး ဖျက်ပိုးများကိုပိုမိုတိုးပွားလာစေနိုင်ပါတယ်။IRRIမှစမ်းသပ်ထားတဲ့မှတ်တမ်းအရ စပါးရွက်လိပ်ပိုးကို ပိုးသတ်ဆေးဖျန်းခြင်းဖြင့် ဖြုတ်ညိုပိုးဦးရေ အဆ (၁၀) ကျော်ပွားများလာတယ်လို့ဖော်ပြထားပါတယ်။ ဒါကြောင့်ပိုးသတ်ဆေးကို လိုအပ်မှသာ မှန်ကန်စွာသုံးစွဲသင့်ပါတယ်။ ပိုးသတ်ဆေးမသုံးပဲ (၁) ပေါင်းမြက်များကို ရှင်းလင်းပါ။ (၂) ရွက်လိပ်များအားလက်ဖြင့် ဖယ်ရှားဖျက်ဆီးပါ။ (၃)သဘာဝမိတ်ဆွေးပိုးများ စပါးကွင်းအတွင်းများပြားလာစေရန် ဆွဲဆောင်နိုင်သည့် အဖြူရောင် (သို့) အဝါရောင်အပွင့်များပွင့်သည့် အပင်များအား ကန်သင်းတစ်လျှာက် စိုက်ပေးခြင်းတို့ကိုပြုလုပ်ပေးပါ။ (၄) ကျရောက်မှုများလို့ လိုအပ်မှသာ ပိုးသတ်ဆေးကို အညွှန်းအတိုင်းဖျန်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။