အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,876
လွန်ခဲ့သော ၃ နှစ် က · မုံရွာ

ဆရာများခင်ဗျာ့ ကျနော့်ငရုတ်ခင်း စိုက်ရက် ၁၅/၁၆ ရက်သားတွင် အပင်ခြေ မြေဖို့မြေတောင်မြောက်လုပ်ခဲ့ပါတယ်ခင်ဗျာ့ ယ...

ဆရာများခင်ဗျာ့ ကျနော့်ငရုတ်ခင်း စိုက်ရက် ၁၅/၁၆ ရက်သားတွင် အပင်ခြေ မြေဖို့မြေတောင်မြောက်လုပ်ခဲ့ပါတယ်ခင်ဗျာ့ ယနေ့ ၁၉ရက်သားရှိပါပီ မြေဖို့တုံးက မိုးကမစဲတော့ မိုးကြားထဲလစ်တဲ့အခိုက်လေးမှာ အပင်ယိုင်လဲဒဏ်ခံနိုင်ရန်နှင့် အမြစ်များပေါ်နေသောကြောင့် မြေခပ်စိုစိုကိုဖို့ခဲ့ရပါတယ် ဖို့ပီးနောက် မိုးလင်းတာ ၃ရက်ရှိပါပီ ယနေ့ နေကောင်းကောင်းပူတဲ့အခါ ညနေပိုင်းမှာ ယခုလို တချို့အပင်များညိုးသေနေသည်ကိုတွေ့ရပါတယ်ခင်ဗျာ့ ထိုအပင်များကိုနုတ်ကြည့်ရာတွင် အမြစ်များ ကျန်းမာသန်စွမ်းနေပီး ယမန်နေ့က မြေသစ်ဖို့ခံရသောနေရာမှ အပူလောင်သကဲ့သို့ ဖြစ်နေတာကိုတွေ့ရပီး အခေါက်ပုတ်နေတာကိုတွေ့ရပါတယ်ခင်ဗျာ့ ဒါဟာ နေပူလောင်/မြေပူလောင်တာလားဗျ ဒါမမဟုပ် မှိုရောဂါကြောင့်များပါလားခင်ဗျာ့ မှိုဆေးအနေနဲ့တော့ ကာဆူကာမိုင်စင်(ကာမိုင်စင်)ကို ရေ၁၆လီတာမှာ ၆၀စီစီ ထည့်၍ ယနေ့မနက်ပက်ဖျန်းထားပါတယ်ခင်ဗျာ့ ဘာဆက်လုပ်သင့်ပါသလဲဆရာတို့

ပိုးမွှားရောဂါ ငရုတ်သီး ငရုတ်တွင်ကျရောက်တတ်သောရောဂါများ
Post image
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

မြေဖို့တဲ့အမှားပါ။ ပြန်ဖယ်လိုက်ပါ။ အပင်​ခြေကို ဖို့စတိုင်းအလူမီနီယံနဲ့ iprodione ဖျန်း​ပေးပါ။

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ နှစ် က

ငရုပ်ပင်ငယ်ပလပ်စတစ်လဲအုပ်ထားပြီးအပ်ချေရောက်အောင်ဖုံးထားတော့အောက်ဆူဂျင်မရအစိုဓာတ်တွေများတော့ပင်ချေပုတ်ရောဂါကျတာပေါ့ကျန်တဲ့အပင်ကဖို့ထားတဲ့မြေဖယ်ပေးပါမြေဖို့ရင်အပင်ချေကိုမထိအောင်ဖို့ပါ

232 လွန်ခဲ့သော ၃ နှစ် က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မြေချစိုက်ပီး ၁၅ရက်သားပါဗျာ့ တချို့အပင်လေးတွေ အဲဒီလို ဖြစ်နေတာ ဘာကြောင့်ပါလည်းဗျာ့ ဘာဆေးဖျန်းသင့်ပါသလဲ နုတ်ပစ်...

ဖြေကြားချက် 4 ခု

5ပတ်ကောက်ပြီးချက်ချင်းရောဂါဝင်တာအခုလည်းကုနေပါတယ်ပြန်ကောင်းလာအောင်ကုသလို့ရနိူင်သေးလား

ဖြေကြားချက် 2 ခု

ဟက်ဇာဂွန်ဆေးက နှောင်းပင်နာကျကုသဖို့အတွက် သုံးလို့ရလားဗျ

ဖြေကြားချက် 1 ခု

မိုးများပီး အပင်တွေ ညှိုးကုန်လို့ ဘာဆေးဖြန်းရင် ပြန်လန်းလာနိုင်မလည်းဗျ ခုထိမြေကြီး က စိုနေတာပါဗျ

ဖြေကြားချက် 7 ခု

ငရုတ် ရွေ့စိုက်ပြီး၄၅ရက်သား အရွက်ဝါပြီးကြွေကျ အသီးပုတ် အပွင့်မတင် ရှိတဲ့အပွင့်မအောင် အကြံပြုပေးပါအုံးဆရာခင်ဗျ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။