အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,243
လွန်ခဲ့သော ၃ နှစ် က · ဟင်္သာတ

မတ်ပဲ စိုက်ပျိုးခြင်း နည်းပညာအကြောင်းလေးမေးချင်လို့ပါဆရာ ၁း ထယ်ရေးဘယ်လောက်ထွန်ယက်ကမလဲ ၂း အပင်ငယ်စဉ် စထွက်လာတဲ့...

မတ်ပဲ စိုက်ပျိုးခြင်း နည်းပညာအကြောင်းလေးမေးချင်လို့ပါဆရာ ၁း ထယ်ရေးဘယ်လောက်ထွန်ယက်ကမလဲ ၂း အပင်ငယ်စဉ် စထွက်လာတဲ့အရွတ်နှစ်ရွတ်ကိုပိုးကောင်များကိုက်ပါတယ် ဘယ်လိုကာကွယ်ရမလဲနှင့် ပိုးကောင်သတ်တဲဆေးai လေးပြောပေးပါဆရာ ပုရစ် မွှားပင့်ကူ ၃း ငမြောင်တောင် ပွင့်ထွေး သီးလုံးဖောက်ကို ဘယ် ai ဖြန်းရမလဲ

စိုက်ပျိုးနည်း မတ်ပဲ မတ်ပဲစိုက်ပျိုးနည်း

ဖြေကြားချက် ၅ ခု

16,337 လွန်ခဲ့သော ၃ နှစ် က

ခုချိန်စိုက်ရင်ကောင်ပါတယ်ကုန်းကျတဲ့နေရာမှာစိုက်ရင်ပိုအဆင်ပြေတယ်တကျင်းကို3စေ့ထဲ့စိုက်ပါတကျင်ကိုတလန်ကွာစိုက်ပါ

121 လွန်ခဲ့သော ၃ နှစ် က

ပဲကြီး စိုက်နည်းလေးပြောပေးပါ

1,243 လွန်ခဲ့သော ၃ နှစ် က

မြေစေးပါ

16,337 လွန်ခဲ့သော ၃ နှစ် က

မြေအမျိုးအစားလေသိမှပြောလို့အဆင်ပြေမှာပါ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

မတ်ပဲ က ​ရေလိုက်ကြဲစနစ် ပက်ကြဲနိုင်ပါတယ်။ (​ရေ ဝပ်​ဒေသအတွက်) ခုတ်ဖုံးစနစ်(စပါးပြီး သီးထပ်၊ရိုးပြတ်ရှည်ရိတ်​ဒေသအတွက်) ထွန်​ရေးစနစ်က​တော့ ထယ်တစပ်၊ထွန်နှစ်စပ်(ထယ်​ခဲ​ကြေနိုင်သမျှ​ကြေ​အောင်)ထွန်ပြီး ကြဲပက်စိုက်ပါ။ မျိုး​စေ့ကို လူးနယ်​ဆေး အသုံးပြုပါ။ အပင်​ပေါက်၁၅ရက်သားမှာ အဆီတာမီပရစ်(အဆက်..)ဖျန်း​ပေးပါ။ ​နောက်ပိုင်း၊အပင်အ​ခြေအ​နေကြည့်ပြီး.. လိုအပ်ပါက အစိမ်း​ရောင်လမ်း ကို​မေးမြန်း လုပ်​ဆောင်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။