အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Myo Zaw Oo
Myo Zaw Oo 754
လွန်ခဲ့သော ၇ နှစ် က · ဖျာပုံ

ငါးခန္ဓာကိုယ်ပေါ်တွင် အနီစက်များတွေ့ရှိနေတာဘာဖြစ်နေတာလဲမသိလို့ပါ

ရောဂါဗေဒ ငါး
Post image
6

ဖြေကြားချက် ၆ ခု

ဥဩ
ဥဩ 290 လွန်ခဲ့သော ၇ နှစ် က

လာနီယာ ကိုကာကွယ်ဖို့ EM သုံးရင် ထိရောက်နိုင်မလား.ခဗျ..

Myo Zaw Oo
Myo Zaw Oo 754 လွန်ခဲ့သော ၇ နှစ် က

ယခုလ ငါးဖမ်းကြည့်ရာ အနီစက်မတွေ့ရတော့ပါဘူး ကန်အောက်ခြေရှင်းတယ် ရေသွင်းရေထုတ်လုပ်တယ် ဆား ၁ပိဿာ ကြဲလိုက်တယ် ဆရာ

ဒေါက်တာခင်မောင်စိုး
ဒေါက်တာခင်မောင်စိုး အတည်ပြုပြီး 1,741 လွန်ခဲ့သော ၇ နှစ် က

ဆရာ့ ငါးမှာ ၁၂% လောယ်မှာ အနီစက်တွေ့တာ လက်ရှိ အခြေအနေ ပြောပါအုန်း

ဒေါက်တာခင်မောင်စိုး
ဒေါက်တာခင်မောင်စိုး အတည်ပြုပြီး 1,741 လွန်ခဲ့သော ၇ နှစ် က

ရေအနက်သင့်တော် ပါတယ် လာနီယာ ကိုကာကွယ်ဖို့ က ကန် ရေသန့်ရှင်း ဖို့ နဲ့ ကန်အောက်ခြေ သန့်ဖို့ လိုအပ်ပါတယ် အဲတာတွေကိုမထိန်းနိုင်ရင် ဆေးသုံးလဲအရာ ရောက်မှာ မဟုတ်ပါ ကန်ရေအရည်အသွေးနဲ့ အောက် ခြေ ကအညစ်အကြေးကိုသန့်ရှင်း ပေးရင် ကာကွယ်ပြီးသား ဖြစ်ပါ တယ် ဝ.၀၆ ဧကမှာ ၂၄၀ မွေးတာ တစ် ဧက ၄၀၀၀ နှုနရှိပါတယ် ငါးက ၁၃၀ ဂရမ် (8)ကျပ်သား ရှိတော့ မွေးတာ ၃ လလောက်ဘဲရှိမယ် ထင်ပါတယ် အစာကောင်းကောင်းကို အချိန်ခွဲ ကျွေးပေးပါ အစာကျန်ပါက ငွေကုန် သည့်အပြင် ကန်ရေကိုလည်းပျက် စေနိုင်ပါတယ် ဆရာ့ ငါးမွေးထားတဲ့နေရာသိချင်ပါ တယ် အမြဲဆက်သွယ်စေလိုပါတယ် (ဒေါက်တာခင်မောင် စိုး WorldFish Myanmar)

Myo Zaw Oo
Myo Zaw Oo 754 လွန်ခဲ့သော ၇ နှစ် က

၂၅ ကောင်မှာ ၃ ကောင်တွေ့တယ်ဆရာ ဧက ဝ.၀၆ ပါ အကောင်ရေ ၂၄၀ ထည့်ထားပါတယ် တစ်ကောင်ပျှမ်းမျှ ၁၃၀ ဂရမ်ပါ ရေအနက်ပေ ၃ပေခွဲပါ

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,035 လွန်ခဲ့သော ၇ နှစ် က

၁။ လာနီယာ Larnea ကပ် ပါးပိုးစွဲကပ်နေခြင်းဖြစ် နိုင် သည်။အကြေးခွံ အောက် အရေပြားတွင် တွယ်ကပ် နေလေ့ရှိသည်။ ၂။ အောက်ခြေတွင်အညစ်အကြေး များစုပုံနေသော ကန်များ (ရေမသန့်သော ငါးကန်များ)တွင် မိုးနှောင်း ကာလမှစ၍ နွေရာ သီတလျောက် ဖြစ်ပွားနိုင် သည်။ ၃။ မိုးကုန်ဆောင်းကူး တွင် ကန်အောက်ခြေအညစ် အ ကြေးနှင့် ဒိုက်ပင်အဆွေးများကို ရှင်းပေးခြင်း ၊ ငါးကန်ရေ သန့်သန့်ရှင်း ရှင်း ရှိစေခြင်း ဖြင့် ကာကွယ်ပါ။ ငါးကန် ဧရိယာ ရေအနက် မွေးထားသော ငါးအမျိုးအစား အလိုက် ကောင်ရေ နှင့် လက်ရှိ အရွယ်အစား၊ ကပ်ပါးပိုးစွဲကပ် နေသော ခန့်မှန်း ငါးကောင်ရေ (ဥပမာ ငါး ၁၀ ကောင်မှာ ၃ ကောင်) စသည်များကိုပြော နိုင်ပါက ပိုမို ရှင်းပြနိုင်ပါမည်။ ဖြေဆိုပေးသူ - ဦးခင်မောင်စိုး (WorldFish)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။