အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
812
လွန်ခဲ့သော ၇ နှစ် က · တောင်သာ

ဘယ်အချိန် စိုက်၍ ဘယ်လိုစိုက်ရတယ်ဆိုတာ သိချင်ပါတယ်

စိုက်ပျိုးနည်း ကန်စွန်းဥ
2

ဖြေကြားချက် ၂ ခု

290 လွန်ခဲ့သော ၇ နှစ် က

ဘယ်နှစ်လ အကြာမှာ ဥဖေါ် ယူရပါမည်နည်း

လွန်ခဲ့သော ၇ နှစ် က

ကန်စွန်းဥစိုက်ပျိုးမည်ဆိုပါက ပူနွေးစိုထိုင်းဆများသော ရာသီဥတုတွင် တစ်နှစ်လျှင် ၄ - ၅ လရရှိရန် လိုအပ်ပါသည်။ အကောင်းဆုံးအပူချိန်မှာ ၂၃ဒီဂရီ စင်တီဂရိတ် မှ ၂၈ဒီဂရီ စင်တီဂရိတ် အထိဖြစ်သည်။ အပူပိုင်းနှင့် သမပိုင်းဒေသ များတွင် စိုက်ပျိုးနိုင်သည်။ အထွက်နှုန်းကောင်းရရှိရန်အတွက် နှစ်စဉ်မိုးရေချိန် ၃၀ မှ ၆၀ လက်မ ရှိရန်လိုအပ်သည်။ နေ့အချိန်တွင် နေသာခြင်း၊ ညအပူချိန်ကျဆင်းခြင်းသည် ကန်စွန်းဥဖြစ်ပေါ်မှုအတွက် အကောင်းဆုံးဖြစ်သည်။ အမြင့် မီတာ ၁၅၀၀၀-၁၇၀၀ ထိ မြင့်သောတောင်ကုန်းများတွင်လည်း နွေရာသီ သီးနှံအဖြစ်စိုက်ပျိုးနိုင်သည်။ ကန်စွန်းဥ စိုက်ပျိုးရန်အတွက် ပွရွသောမြေဖြစ်ရန် လိုအပ်သည်။ သို့မှသာ အမြစ်ကောင်းစွာ ကြီးထွားလာမည်ဖြစ် သည်။ မြေအမျိုးအစားများစွာတွင် စိုက်ပျိုးနိုင်သော်လည်း သြဂဲနစ်များစွာပါဝင်သော သဲသမမြေအမျိုးအစားသည် အကောင်းဆုံးဖြစ်သည်။ ရေစီးရေလာကောင်းမွန်ရန် အရေးကြီးသည်။ ရေဝပ်ခြင်းကို ခံနိုင်ရည်မရှိပါ။ စီးပွားဖြစ် စိုက်မည်ဆိုပါက မြေဆီလွှာအား စစ်ဆေးရန်လိုအပ်သည်။ အလွန်စေးသောမြေ၊ လေဝင်လေထွက် မကောင်းသောမြေ နှင့် သဲဆန်လွန်းသောမြေများအား ရှောင်ရှားရမည်။ ဥမှသော်လည်းကောင်း၊ နွယ်ကိုဖြတ်၍သော်လည်းကောင်း၊ မျိုးပွားနိုင်သည်။ အများအားဖြင့် နွယ်ကိုင်းကိုဖြတ်၍ မျိုးပွားခြင်းသည် အများစုအသုံးပြုလျက်ရှိသည်။ နွယ်ကိုင်းကို ၇ - ၉ လက်မ အရှည် (၂ - ၃) ဆစ် ပါဝင်စေလျက် ပျိုးခင်း စိုက်ပျိုးရမည်ဖြစ်သည်။ မျိုးစေ့နှုန်းနှင့် စိုက်ပျိုးခြင်း မျိုးစေ့နှုန်းထားနှင့် အပင်ဦးရေသည် မြေအမျိုးအစား စိုက်ဧက၊ မျိုးကွဲနှင့်စိုက်နည်းစနစ်ပေါ်တွင် မူတည်သည်။ ယေဘူယျအားဖြင့် တစ်ဧကလျှင် (၂၀၀၀၀ - ၂၅၀၀၀) ကိုင်းဖြတ်များလိုအပ်သည်။ ပျိုးခင်းတွင် လိုအပ်သောအရှည် နှင့် အဆစ်များ ရရှိရန်အတွက် တန်ကြား ၂ ပေ နှင့် ပင်ကြား ၇ လက်မ စိုက်ပျိုးရမည်။ ဖြတ်ပိုင်းများအား မြေစာပုံများပြုလုပ်၍ ၂ပေ ¬x ၂ပေ ပင်ကြား၊ တန်ကြားဖြင့်လည်း စိုက်ပျိုးနိုင်သည်။ မြေစာပုံတစ်ခုစီတွင် ဖြတ်ပိုင်း ၄ခု မှ ၆ ခုထိ စိုက်ပျိုးရမည်။ ဖြတ်ပိုင်း၏ အလယ်ပိုင်းကို မြေဆီလွှာတွင် မြှုပ်အောင်ထည့်ကာ ထိပ်နှစ်ဖက်ကို မြေ ပေါ်တွင် ပေါ်နေစေရမည်။ စိုက်ပျိုးပြီးပါကရေသွင်းပေးရမည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။