ပဲတီစိမ်း ခုတ်ဖုံး စနစ်အကြောင်းလေး ပြည့်ပြည့် စုံစုံ လေ့လာချင်ပါတယ် ဆရာတို့
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
ခုတ်ဖုံးစနစ်က ထွန်ခင်းလုပ်လို့မရတဲ့ မြေစေး မြေကြမ်းကွင်းတွေမှာ စခဲ့တာပါခင်ဗျာ
ဆရာ ဆက်သွယ်ချင်ပါတယ် ဘလိုဆက်သွယ်ရမလဲ
။ ခုတ်ဖုံးပဲတီစိမ်းကတော့ စပါးရိတ်ပြီး မြေအစိုဓာတ်ရှိနေချိန်မှာ မျိုးစေ့ပဲကို ရိုးပြတ်ထဲမှာ ပေါက်ကြဲကြဲခြင်း ဖြစ်ပါတယ်။ ပြီးရင် ရိုးပြတ်တွေကို ဓားနဲ့ခုတ်ပြီး ပဲစေ့ပေါ်မှာ ဖုံးပေးတာဖြစ်တဲ့အတွက် ခုတ်ဖုံးပဲလို့ခေါ်တာ ဖြစ်ပါတယ်။ရေလိုက်ပဲနဲ့ ခုတ်ဖုံးပဲဟာ မြေယာပြုပြင်စရာမလိုဘဲ ထယ်ရေးမဲ့စနစ်ဖြစ်တဲ့အတွက် ကုန်ကျစရိတ်သက်သာပြီး ပဲထွက်လည်းကောင်းတာ တွေ့ရပါတယ်။ ဒါပေမယ့် အစိုဓာတ်မိဖို့အတွက် စိုက်ချိန်မှန်အောင် အထူးဂရုပြုဖို့ လိုပါတယ်။ ✅ရေလိုက်နဲ့ ခုတ်ဖုံးပဲ စိုက်ပျိုးမယ်ဆိုရင် သဲဆန်လွန်းတဲ့မြေ၊ အစိုဓာတ်မထိန်းနိုင်တဲ့ မြေတွေမှာ မစိုက်ပျိုးသင့်ပါ။ ကိုင်းကျွန်းမြေတွေမှာမူ မိုးရာသီ ရေလွှမ်းနုန်းပို့ပြီး ရေပြန်ကျသွားတဲ့အခါ ကိုင်း၊ ကျွန်း ပဲတီစိမ်းအဖြစ်စိုက်ပျိုးကြပါတယ်။ သီးထပ်ပဲတီစိမ်းမဟုတ်ပါ။ ရေလိုက်ပဲတီစိမ်းနဲ့ ခုတ်ဖုံးပဲတီစိမ်း စိုက်ပျိုးမယ်ဆိုရင် စပါးအောင်ရေလွှတ်ချိန်မှာ တီစူပါမြေဩဇာ အိတ်ဝက်ကို စပါးခင်းမှာ ပဲအတွက် ကြိုတင်ပက်ကြဲထားဖို့လိုပါတယ်။ မျိုးစေ့နှုန်းကို ၁၀-၁၂ ပြည်လောက် အသုံးပြုဖို့ လိုအပ်ပါတယ်။
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်းအနီ ဘယ်နှစ်မျိုးရှိ၍ သက်တမ်းမည်မျှရှိ၍ ဘယ်လရာသီတွင်စိုက်ရပါလဲခင်ဗျာ။စိုက်ပျိုးခဲ့သော တောင်သူသိရင်လည်း...
ဖြေကြားချက် 1 ခု
ဒီဇင်ဘာလထဲ ပဲတီစိမ်းစိုက်ရင် ရနိင်ပါမလား ဆရာကြီတို့ ပြောပေးပါအုန်း
ဖြေကြားချက် 5 ခု
ပဲတီစိမ်းကိုနေတာ်လအထိေနာက်ကျခံစိုက်လ္ို႔ရလားဗျ
ဖြေကြားချက် 1 ခု
ပဲတီစိမ်းကိုဘယ်လမှာစိုက်သင့်လဲ တစ်ဧကကိုဘယ်လောက်ပတ်ကြဲသင့်လဲသိချင်ပါတယ်
ဖြေကြားချက် 1 ခု
အခုအချိုန်ေရဆင်း ၁၄ စိုက်လို႔ရေသးလား ေကျးဇူးပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။