အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,176
လွန်ခဲ့သော ၂ နှစ် က · ပြင်ဦးလွင်

အိုးမုန်ညင်းပါပုံပါအတိုင်းအရွက်တွေမှာအပေါက်လေးတွေဖြစ်နေလို့ပါဘာဆေးဖျန်းရမှာလဲဗျာဘာရောဂါဖြစ်တာလဲဗျာအရွက်စားအပင်...

အိုးမုန်ညင်းပါပုံပါအတိုင်းအရွက်တွေမှာအပေါက်လေးတွေဖြစ်နေလို့ပါဘာဆေးဖျန်းရမှာလဲဗျာဘာရောဂါဖြစ်တာလဲဗျာအရွက်စားအပင်စိုတော့ အရွက်လေးတွေစိမ်းပြီးလှနေအောင်ရောဘာဆေးသုံးရမှာလဲဗျာ။

ပိုးမွှားရောဂါ မုန်ညင်း
Post image
Post image

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

ညညမှာ ရွက်​ဖောက်ကျိုင်း​လေး​တွေ ​ေဖာက်တဲ့လက္ခဏာပါ။ ​ဆေးရွက်ကြီးနဲ့တမာရွက် ပြုတ်ရည်ကို ​ရေတဝက်ထပ်​ရောပြီးဖျန်းပါ။ အား​ဆေးအ​နေနဲ့ ငါးအမိုင်နို+အီးအမ်ဖျန်း​ပေးပါ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

ပြုတ်ပြီးရင် အ​အေးခံပြီး အရည်စစ်ပါ။ ရရှိအရည်ကိုမှ ​ရေတဝက်ထပ်​ရောပါ။ ​ရေ​ရောပြီးရင် ​ဆေးတပုံး (လီတာ ၂၀)=၁၀၀စီစီ ထည့်ပါ။အပင်ကြီးရင် နုန်းထားမြှင့်နိုင်ပါတယ်။

2,176 လွန်ခဲ့သော ၂ နှစ် က

ဆေးရွက်ကြီးနဲ့ တမာရွက်ပြုတ်ရည်ကရောဘယ်လောက်စီစီထည့်ရမလဲဆရာ ရေတဝက်ကိုနားမလည်လို့ပါ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

၅၀ စီစီ

2,176 လွန်ခဲ့သော ၂ နှစ် က

ရေ၂၀လီတာဆိုရင်ဘယ်လောက်ထည့်ရမလဲဆရာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။