အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Aung Chan
Aung Chan 2,876
လွန်ခဲ့သော ၂ နှစ် က · မုံရွာ

ဆရာကြီးများခင်ဗျာ့ လှေးပိုးအတွက် ပိုးသတ်ဆေးသုံးရာမှာ မည်သည့် ဆေး(Ai) မှ စတင်၍ အလည့်ကျသုံးစွဲသင့်ပါသလဲခင်ဗျာ့ တချို့စာထဲမှာ ဆေးပြင်းများ မှစ၍ အရင်ဖျန်းမိရင် နောက်ဆေး မတိုးဘူးဆိုသောစာလေးဖတ်မိလို့ပါဗျာ့ တောင်သူဆိုတော့ ပိုးအတွက်ဖျန်းရမဲ့ဆေးသာသိပီး ဘယ်ဆေးက ဘယ်လောက်ပြင်းတယ်ဆိုတာ မသိလို့ပါ

စိုက်ပျိုး ဗဟုသုတ ငရုတ်သီး ငရုတ်လှေးပိုး

ဖြေကြားချက် ၇ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

မှန်ပါတယ်.. အင်ဂျူးဝါး၊ ဒိုင်ကာ​ဇော ​တွေ ကြိုဖျန်းခဲ့ရင် ၊​နောက် ​လှေး​ဆေး​တွေ မတိုးတာ ဖြစ်နိုင်ပါတယ်။ အဆီတာမိပရစ်၊ဖစ်ပရို​နေး၊ တို့နဲ့ ကြိုတင်ကာကွယ်ထားပါ။ အဲဒီ ​အေအိုင် မနိုင်​တော့မှ အင်ဂျူးဝါး၊ဒိုင်ကာ​ဇော ဝင်ပါ။ ပိုင်ရီဒါဘင်၊ ကာ​တေး မွှားပင့်ကူ​ဆေးများကိုလည်း အလှည့်ကျသုံးနိုင်ပါတယ်

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၂ နှစ် က

aung chan 40Cc နုန်း..နဲ့သာဖျန်းပါ။

Aung Chan
Aung Chan 2,876 လွန်ခဲ့သော ၂ နှစ် က

ဒို့ဦးလေး ဆရာကြီးခင်ဗျာ့ ကာတေး မွှားပင့်ကူဆေး ဆေးဖျန်းပုံးတပုံးလျှင် မည်မျှ ပမာဏ ထည့်၍သုံးရပါမည်နည်းဗျာ့ ဆေးပလင်းပါအညွန်းက ရေ၂၀လီတာမှာ ၆၀-၈၅ cc လို့ညွန်းထားလို့ ရေးထားပါတယ် ဆေးကျွမ်းမှာစိုးရိမ်လို့ပါ

Aung Chan
Aung Chan 2,876 လွန်ခဲ့သော ၂ နှစ် က

ဟုပ်ကဲ့ခင်ဗျာ့

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 218,458 လွန်ခဲ့သော ၂ နှစ် က

ကန့်ပါတဲ့ဆေးအုပ်စုဆာ(လ)ဖီနက်၊မယ်တယ်လက်စီ၊စသည်နှင့်ကိုယ်တိုင်ထုံးကန့်( 1-2-10)ထုံးကန့် ရေ ကိုကျိုပြီး ဆေး၊ရေ ၁ ဆ ၊အဆ နှစ်ဆယ်နဲ့ဖျန်းပါ

Aung Chan
Aung Chan 2,876 လွန်ခဲ့သော ၂ နှစ် က

ဟုပ်ကဲ့ပါ ဆရာကြီးခင်ဗျာ့ ဆရာကြီးပြောဘူးတဲ့ ဘိုင်ဖန်သီရင်+အဘာမက်တင် ဖျန်းလိုက်တာ ဖျန်းပီး ၃ ရက်အတွင်း မွှားပင့်ကူရောလှေးပါ အတော်ရှင်းသွားခဲ့ပါတယ်ခင်ဗျာ့

အောင်နိုင်လင်း
အောင်နိုင်လင်း 13,855 လွန်ခဲ့သော ၂ နှစ် က

လှေးပျ စုပ်စားပိုးအတွက်ဆို..အင်မီဒါကလိုပစ်.၇၀% အဆီတာမီပရစ်. ၂၀% ၄၀ % အပင်ငယ်စဥ်တစ်မျိုးမျိုးနဲ့ ကလိုပိုင်ရီနဖျာ ဆေးတွေအလှည့်ကျဆိုရင်အဆင်ပြေပါတယ်အကို

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။