အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,206
လွန်ခဲ့သော ၂ နှစ် က · မကွေး

၃လမြေပဲခင်းပါ ရက်သား၇၅ရက်ရှိပါသေး မိုးတော့ပြတ်သွားတယ်ဗျ တစ်နေ့ထဲတူတူစိုက်တဲ့ခင်းတွေမညှိုး ကျွန်တော်ခင်းညှိုးကြ...

၃လမြေပဲခင်းပါ ရက်သား၇၅ရက်ရှိပါသေး မိုးတော့ပြတ်သွားတယ်ဗျ တစ်နေ့ထဲတူတူစိုက်တဲ့ခင်းတွေမညှိုး ကျွန်တော်ခင်းညှိုးကြသွားလို့ပါ ဒါဘာ့ကြောင့်ပါလဲခင်ဗျာ လာမည့်နှစ်တွေမှာ ဘယ်လိုကြိုတင်ပြင်ဆင်ပြီးစိုက်သင့်ပါသဲခင်ဗျာ🙏

စိုက်ပျိုး ဗဟုသုတ မြေပဲ မြေပဲပင်အာဟာရ
Post image
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 218,453 လွန်ခဲ့သော ၂ နှစ် က

မာတဲ့မြေကိုထုံးထည့်ပြီးပိုက်ဆံလျှော်စိုက်ပြီးသစ်စိမ်းမြေသြဇာကြွေးလိုက်ပါထုံးအစားဂျပ်ပစင်သုံးလဲရပါတယ်

1,206 လွန်ခဲ့သော ၂ နှစ် က

ဆရာမြေပဲအတွက် မှိုသတ်ဆေး ပျမ်းမျှ ဘယ်နှစ်ကြိမ်လောက်ပက်သင့်သလဲဗျ ဂျစ်ပဆန် ၁ဧကခွဲဆို ဘယ်လောက်နှုန်းထားထည့်သင့်သလဲဗျ ဘယ်နှစ်ကြိမ်လောက်ထည့်ရမလဲ။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က

သဲ​မြေဆိုတာ..ပူလွယ် ​အေးလွယ် ​ပြောင်းလဲမြန်တယ်၊ အပင်ခါးရိလွယ်တယ်။ မိုးပြင်းပိပြီးတာနဲ့ ​မြေဖန့်ရင် ကြားထွန် သို့မဟုတ် ​မြေကြပ်တာကို ဆွ​ပေးရပါမယ်။ ​မြေခံမှာ သဘာဝ​မြေသြဇာ များများနဲ့ ဂျစ်ဆန် ခံထားရပါမယ်။ သဲပူမဟပ်နိုင်​အောင် အရိပ်ရ​အောင် ​ပြောင်းဖူး၊စသည် သီးညပ်စိုက်ရပါမယ်။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က

အပင်တပင်နုတ်ကြည့်ပါ။ အမြစ်​တွေ မ​ကောင်းတာဖြစ်လိမ်မယ်။ မှို​ဆေး ဖျန်းတာမျိုး၊ဂျစ်​ဆန် ​ကျွေးတာမျိုး မလုပ်ခဲ့ဖူးထင်တယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာတို့ တစ်ခုလောက်မေးခွင့်ပြုပါ့လားဗျ နွားသေး(နွားချေး အရည်နဲ့ နည်းနည်းရော တယ်ဗျ)ကို မြေပဲခင်းအတွက်ဖြန်းသုံး...

ဖြေကြားချက် 2 ခု

ဆရာ၊ ဆရာမတို့ခင်ဗျာ၊ ဂျစ်ပဆန် ကျောက်မှုန့်၊ ဒိုလိုမိုက် မြေသြဇာမှုန့်၊ လချေးကျောက်မှုန့် တို့ကို မြေပဲ၊ အစေ့...

ဖြေကြားချက် 1 ခု

မြေပဲပင် စိုက်ပျိုးပြီးချိန်မှစပြီး ရိတ်သိမ်းချိန်အထိ အပင်ရက်သားဘယ်လောက်မှာ ဘယ်လိုပြုပြင်သင့်တယ် ဘယ်လို မြေသြ...

ဖြေကြားချက် 2 ခု

ဆောင်းမြေပဲအတွက် မြေဩဇာကို ပိုတက်ဆီယံတစ်အိပ် + dab+ဂျစ်ဆမ် ရောနှောပီးမြေပဲစိချထည်မြောင်းထဲဘဲ ကျွေးမရ်ဆိုရင်...

ဖြေကြားချက် 2 ခု

မြေပဲပင်နတ်ပန်းပွင့်နေပြီပိုးနည်းနည်းကျလို့.ပိုးသတ်ဆေးဘာအမျိုးအစားကောင်းလဲခင်ဗျ..နောက်ပြီးအပင်အားဆေးနဲ့ဥအတွက်...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။