အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
280
လွန်ခဲ့သော ၂ နှစ် က · မြောက်ဦး

စပါးအတွက်ဓာတ်မြေသြဇာတွေကလည်းများပါတယ်အနည်းဆုံးသိရသလောက်တောင်NPK၃မျိုးလို့တောင်သိရပါတယ် ဒါပေမဲ့ စျေးနှုန်းတွေက...

စပါးအတွက်ဓာတ်မြေသြဇာတွေကလည်းများပါတယ်အနည်းဆုံးသိရသလောက်တောင်NPK၃မျိုးလို့တောင်သိရပါတယ် ဒါပေမဲ့ စျေးနှုန်းတွေကလည်း စပါးစိုက်သွင်းအားစုနဲ့ဓာတ်မြေသြဇာစရိတ်က စပါးအထွက်နဲ့တောင်လိုက်မီနိုင်မယ်မထင်ပါဘူး ပိုးသတ်ဆေး မှုိသတ်ဆေး ပေါင်းသတ်ဆေးစသဖြင့်ပေါ့ ဒါပေမဲ့ပညာရှင်များခင်ဗျာ မြေခံမြေသြဇာအသုံးချပြီး ယူရီးယားတမျိုးတည်းနဲ့ စပါးအအသီးအောင်စေ့များအောင် ဘယ်လိုအချိန်တွေမှာ ပုလဲကျွေးယင် အောင်စေ့ပိုများနိုင်ပါသလည်း ဥပမာတင်း၁၀၀ထွက်ဖို့မပြောပါနဲ့ဦး တင်း၇၀ တစ်ဧကလောက်ဆိုလည်း မဆိုးတဲ့အနေထားပါ အခုကတင်း၅၀ကိုတောင် ဆုတောင်းရတဲ့​ဒေသပါ စပါးစိုက်ပျိုးပညာပေးအဖွဲ့ ကွင်းဆင်းသုသေသနအဖွဲ့တွေကောရှိပါသလား နိုင်ငံတော်မှာ တခါမှလည်း မကြားဖူး ရောက်တာလည်းမမြင်ဖူးပါ အမှန်ဆိုသိတောင်မသိပါ အခုကအင်တာနက်နည်းနည်းလောက်ရလို့ ဝါသနာပါရာ ရှာယင်း အားလုံးသူကိုလေးစားလျက်ပါ

စိုက်ပျိုးနည်း စပါး စပါးပင်နှင့်အာဟာရ

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

မြို့နယ် စိုက်ပျိုး​ရေးဌာန ဆိုတာရှိပါတယ်။ ကွင်းဆင်းပညာရှင်​တွေ ခန့်ထားတာပါ။ သူတို့နဲ့ဆက်သွယ်အကူအညီရယူသင့်ပါတယ်။ စပါးအထွက်နုန်းကို လွှမ်းမိုးတဲ့အချက်​တွေကို အ​ခြေခံ အ​နေနဲ့ ​ပြောပြပါရ​စေ။ (​မြေသြဇာ ၁မျိုး​ကောင်းရုံနဲ့.စပါးမထွက်ပါဘူး) -@အထွက်​ကောင်းမျိုးသန့်ကို အသုံးပြုပါ။ -@ထယ်​ရေးညက်​/ညီအောင်/တမန်းညက်​အောင်ပြုပြင်ပါ။ -@သတ်မှတ်​ကောက်ကွက် ၁ဧက ၁သိန်း၅​သောင်း ဝင်ရပါမယ်(6"×6")(9"×4") -@ပျိုးသက် ၂၅-၃၀ရက်အတွင်း စိူက်ပါ။ -@ဓါတ်​မြေသြဇာ အချိုးကျကျ ​၊အချိန်မှန်မှန်​ကျွေးပါ။ -@သဘာဝ​မြေသြဇာ များများ မဖြစ်မ​နေထည့်ပါ။ -​@​ပေါင်းမြက်များကို ​စော​စောနှိမ်နင်းပါ။ -@​ရေသွင်း​ရေထုတ် မှန်မှန်လုပ်ပါ။ -@ပိုးမွှား​ရောဂါ ကြိုတင်ကာကွယ်ပါ။ -@အ​လေအလွင့်မရှိ​အောင် ရိတ်သိမ်းပါ။

အတည်ပြုပြီး 218,453 လွန်ခဲ့သော ၂ နှစ် က

မြေ PH ကိုတိုင်းပါ ၅.၅ _၆.၅ ခန့်ရအောင် သိပ်နဲနေရင် ထုံးသို့မဟုတ်ဂျစ်ပဆင်ထည့်ပါများနေရင်ကန့်ထည့်ပါယ္ခင်ကထည့်ထားတဲ့မြေထဲမှာကျန်နေတဲ့အဟာရတွေထွက်လာနိုင်တယ်သဘာဝနဲ့ပုလဲကိုများများသုံးကြည့်ပါနောက်တနည်းကမိုးသီးနှံရိတ်ပြီးတာနဲ့ပိုက်ဆံလျော်ပဲရင်းညံပင်ပဲဒီစိမ်းနှံပြောင်းရရာကိုကျဲပြီးသစ်စိမ်းမြေသြဇာအဖြစ်ပန်းပွင်ချိန်မှာထယ်ထိုးပါသဘာဝမြေဆွေးနဲ့မြေထဲမှာရှိတဲ့အာဟာရများတိုးလာမယ်ဓာတ်မြေသြဇာလျော့သုံးနိုင်မယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ယူရီးယားဓါတ်မြေသြဇာကိုတော့ လွယ်လွယ်နဲ့ဝယ်လို့ရပါတယ်ခင်ဗျာ တီစူပါနဲ့ပိုတက်ဓာတ်မြေသြဇာကိုကျတော့ခွဲပြီးရောင်းတာ မ...

ဖြေကြားချက် 1 ခု

ကျနော့တို့ကလယ်သမားတွေဆိုတော့ မိဘရိုးရာဘဲစ်ုက်ပျ်ုးကြပါ တယ် အခုဒီappကိုသုံးတော့ ေခတ်သစ်နည်းပညာတွေကိုစိတ်ဝင်စား...

ဖြေကြားချက် 1 ခု

ကျနော့တို့ဒေသမှာက ရေချိုရေငံဒေသပါ ရေချိုက ဝါဆ်ုလဆန်းမှစပြီး ပြာသ်ုလပြည့်လောက်ထိပါ ကျန်တာကတော့ရေငံပါ အဲဒါ...

ဖြေကြားချက် 3 ခု

စပါးရက်40သားမှာတီစူပါပါတ်လို့အဆင်ပြေလားခင်ဗျာ

ဖြေကြားချက် 5 ခု

ဆရာတို့ခင်ဖျတမာပြုရေရယ်ဆေးရွက်ကြီးကြိရေရယ်ပိုပြေအနိသင်ရှိအပင်တွေရယ်ကြိုပြီးရောဖျန်းလိုရလာဆရာတိုငါအမှိုင်နိုနဲ့...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။