အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၂ နှစ် က · ကြို့ပင်ကောက်

မက်ပဲ အပင်ဝါတာ ယင်ဖြူက ဘယ်နှစ်ရက်သားဆိုစကျနိုင်လဲဗျ မျိူးစေ့ကပါတာဆိုရင်ရောဘယ်အချိန် လက်ခဏာ ပြလဲဗျ

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က

မတ်ပဲမှာကျတာရွက်ဝါဖိုင်းရပ်(စ်)ရောဂါပါအစေ့ကလည်းပါနိုင်တယ်ရောဂါကျနေတဲ့အပင်ကိုစုပ်ပြီးအခြားရောဂါကင်းတဲ့အပင်ကိုယင်ဖြူစုပ်ရင်ရောဂါကူးဆက်နိုင်တာပါရောဂါလက္ခဏာပြချိန်ကပဲပင်ပေါ်မှာတည်တယ်အပင်ခုခံအားမကောင်းရင်စောစောပြမယ်အပင်ခုခံအားကောင်းရင်နောက်ကျမှပြမယ်စိုက်ခင်းထဲမှာဝါလာတဲ့အပင်ကိုစတွေ့တာနဲ့နှုပ်ပြစ်ပါပိုးသတ်ဆေးဖျန်းပါမျိုးစေ့ကပါတာခံနိုင်ရည်ရှိတဲ့မျိုးကိုပြောင်းပြီးစိုက်ပါမျိုးစေ့ကရောဂါပါလာရင်ဆေးဖျန်းကာကွယ်လို့မရပါ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က

မျိုး​စေ့ကပါလာရင် အရွက်စစ် စထွက်လာစဥ်ကတည်းက အဝါ​ပြောက်​လေး​တွေပါလာပါတယ်။ များ​သောအားဖြင့်..အပင်ငယ်စဥ်မှာ ယင်ဖြူ out breakကျရင် ၁၅ရက်သား လဲ ဝါတာပါဘဲ။ အဓိက အချက်က ​ရောဂါခံနိုင်တဲ့ မျိုး ရှာစိုက်ပါ။ မျိုး​စေ့ကို ​ဆေးလူးစိုက်ပါ။ ၁၅ရက်သားမှာ အဆီတာမီပရစ်ဖျန်းပါ။ ၇-၁၀ရက်ခြား (ယင်ဖြူ..)အ​ခြေအ​နေကြည့်ဖျန်းပါ)

You

ဆက်စပ်မေးခွန်းများ

မတ်ပဲအညွန့်ဝါမှို​ေဇ့ရောဂါဖြစ်နေတာဘာဆေးလေးသုံးရမလဲလမ်းညွှန်ပေးပါအုံး

ဖြေကြားချက် 2 ခု

ဆရာကြီးများနှင့်အတွေ့အကြုံရှိဦးကြီးများခင်ဗျ လတ်တလောမတ်ပဲမှာကျရောက်နေတဲ့ရွှေဝါရောင်မှိုစေ့ခေါ် ယင်ဖြူကြောင့်...

ဖြေကြားချက် 2 ခု

မက်ပဲအပင်ဝါတာက မျိူးစေ့နဲ့ဆိုင်လား ဒါမှမဟုတ် ယင်ဖြူကျလို့ဘဲလား ဗျ တစ်ချိူ့ပြောတာရောဂါကျပြီးသားအပင်ကမျိူးစေ့ကို...

ဖြေကြားချက် 2 ခု

ကျနော် ထောပက်ပဲခင်းလေး ဝါနေလို့ပါ ဘာဆေး ဖျန်းရမလဲ ကူညီပေးပါ

ဖြေကြားချက် 1 ခု

ဆရာတို့ ခင်ဗျား ယခုပုံပါအပင်အတိုင်းအခြားအပင်တေနဲ့မတူအရောင်တေဖြစ်​နေပါတယ်ဘာဆေးနဲ့ဘယ်လိုအပင်အဟာရဖြည့်ဆည်းပေးရမ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။