အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
14
လွန်ခဲ့သော ၂ နှစ် က · မုံရွာ

ခရမ်းချဉ်ပင်များတွင် ဖြစ်ပွားတက်သော မှိုနဲ့ ဘတ်တီးရီးယား ကျရောက်တဲ့ခါ မှိုကျလျှင် အပင်အခြေအနေ ဘယ်လို ရှိသလဲ။...

ခရမ်းချဉ်ပင်များတွင် ဖြစ်ပွားတက်သော မှိုနဲ့ ဘတ်တီးရီးယား ကျရောက်တဲ့ခါ မှိုကျလျှင် အပင်အခြေအနေ ဘယ်လို ရှိသလဲ။ ဘတ်တီးရီးယား ‌ကျလျှင် အပင်အခြေအနေ ဘယ်လို ရှိသလဲ ဆရာတို့။ မှိုကျသော ခရမ်းချဉ်ကို ဘယ်လို ကာကွယ် ကုသရမလဲ။ ဘတ်တီးရီးယား ကျသော ခရမ်းချဉ်ကို ဘယ်လို ကာကွယ် ကုသရမလဲ ဆရာတို့..။ ပညာဒါန ဖြန့်ဝေပေးကျပါအုံးဗျာ။

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ်စိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဘက်တီးရီးယားမှာလဲ ရွက်​ပြောက်၊ပင်ညှိုး​ရောဂါ ​တွေအမျိုမျိုးရှိပါတယ်။ စိုက်ခင်းထဲကို တတ်သိပညာရှင်​ခေါ်ပြမှသာသိနိုင်ပါတယ်။ မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့အ​ရေးကြီးပါတယ်။ မှိုကာကွယ်ရန် မန်ကိုဇက်/ကို ကြိုတင်ဖျန်းထားရသလို ဘက်တီးရီးယားအတွက် ​ကော့ပါး၊ ကာဆူကာမိုင်စင်..စသဖြင့် ကြိုဖျန်းရပါတယ်။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

မှို​ရောဂါ အမျိုးမျိုးရှိ။ ​ရောဂါတခုနဲ့တခု လက္ခဏာမတူ။ အပင်ရဲ့ ပုံမှန်အ​ခြေအ​နေမဟုတ်တဲ့လက္ခဏာကို ​ရောဂါဟု​ခေါ်သည်။ ခါးရိ/ပင်ညှိုး/ရွက်​ပြောက်/ရွက်​ခြောက်....

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။