ကညွတ်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံလေး သိခြင်ပါတယ်ခင်ဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
ကညွတ်စိုက်ပျိုးနည်း Wed, 11 January 2023 မြန်မာအမည် - ကညွတ် အင်္ဂလိပ်အမည် - ASPARAGUS ရုက္ခဗေဒအမည် - Asparagus officinalis မူရင်းအမည် - Liliaceae မူရင်းဒေသ မြေထဲပင်လယ်ကမ်းခြေဒေသတစ်ဝိုက်၊ဥရောပအနောက်ပိုင်း၊ဗြိတိသျှကျွန်းစုတောင်ပိုင်း၊ဆိုဗီယက်နှင့်ပိုလန်နိုင်ငံများဖြစ်သည်။ ကညွတ်အမျိုးအစားများ ကမ္ဘာပေါ်တွင်ကညွတ်အမျိုးအစားပေါင်း(၁၅၀)ခန့်ရှိပါသည်။ Mary Washinton , Calfornia-500,UC‒.66, UC‒727စသည့်မျိုးများသည် အထွက်ကောင်းပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသော စပ်မျိုးများ ဖြစ်ပါသည်။(Mary.Washinton) မျိုးသည် သံချေးမှိုရောဂါကို ခံနိုင်ရည်ရှိပြီး အစို့ထွက်စောသောကြောင့် မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးကြပါသည်။မြန်မာနိုင်ငံတွင် ကညွတ်အရိုင်းမျိုးများကို ဟင်္သာတ၊ဓနုဖြူ၊အင်္ဂဘို၊သာယာဝတီနယ်များတွင် စိုက်ပျိုးသည်ကို တွေ့ရှိရပါသည်။မြန်မာကညွတ်မျိုးများသည် အစို့တုတ်ခိုင်သန်မာပြီး စားသောက်ရာတွင် သက်တက်တက်အရသာရှိပြီး အမျှင်ပါဝင်၍ ဆေးဘက်ဝင်ပါသည်။ စပ်မျိုးကညွတ်များသည် စားသောက်ရာတွင် နူးညံ့မှုရှိပြီး အထွက်စောပါသည်။ မြေအမျိုးအစား သဲနုန်းမြေ၊နုန်းမြေ၊မျိုးတွင်ကောင်းစွာဖြစ်ထွန်းပြီးသဲဆန်လွန်းသောမြေ၊စေးလွန်းသောမြေများကိုမနှစ်သက်ပါ။ရေဝပ်သောမြေတွင်အမြစ်ဥများပုပ်၍အပင်သေနိုင်သဖြင့်မစိုက်ပျိုးသင့်ပါ။မြေချဉ်ငံဓါတ်(၆.၂‒၆.၈) ရှိသောမြေတွင်စိုက်ပျိုးဖြစ်ထွန်းပါသည်။ ရာသီဥတု သမပိုင်းရာသီကိုကြိုက်နှစ်သက်သော်လည်းမြန်မာနိုင်ငံအနှံ့အပြားတွင်စိုက်ပျိုးနိုင်ပါသည်။အလွန်အေးသောအချိန်တွင်အပင်များကျတတ်ပါသမိုးရေချိန်(၅၅-၆၀)လက်မရွာသွန်းသည့်ဒေသများတွင်ကောင်းစွာဖြစ်ထွန်းပါသည်။ကညွတ်ပင်များကောင်းစွာဖြစ်ထွန်းရန်နေရောင်ခြည်ကောင်းစွာလိုအပ်ပြီးတစ်နေ့လျှင်နေရောင်ခြည်(၈)နာရီခန့်ရရှိရန်လိုအပ်ပါသည်။ မျိုးစေ့နှုန်း တစ်ဧကလျှင်မျိုးစေ့(၃၀၀-၅၀၀)ဂရမ်သုံး၍ပျိုးထောင်ပါ။ မျိုးစေ့အညှောင့်ဖောက်ခြင်း၊ ပျိုးထောင်ခြင်း ကညွတ်မျိုးစေ့များသည် အစေ့ငုပ်နားနေတတ်သည့်မျိုးစေ့အုပ်စုတွင်ပါနေသဖြင့် မျိုးစေ့ငုပ်ခြင်းကို ချေဖျက်ပေးရန် မျိုးစေ့များကိုရေနွေးကြက်သီးနွေး(၅၀‒၅၅)°C တွင်လေးနာရီကြာစိမ်ပေးပြီးနောက် ရေစစ်ထုတ်ပေးပါ။ထို့နောက် မျိုးစေ့ကိုရေစစ်ပြီး စွပ်ကျယ်စ(သို့)ရေစုပ်ယူနိုင်သည့်ပိတ်စဖြင့် ထုတ်ပြီးမြေအိုးအတွင်းသို့ထည့်ပါ။မြေအိုးပေါ်မှ ပလပ်စတစ်အမည်းဖြင့်လုံအောင်ဖုံးပြီး ရာသီဥတုပေါ်မူတည်၍ နေပူထဲတွင်(၃‒၄)ရက်ခန့်ထားပေးပါ။မျိုးညှောင့်ပေါက်ပြီး မျိုးစေ့များကိုမြေအသင့်ထည့်ပြီးပျိုးအိတ်(သို့)ပျိုးဗန်းများတွင် တစ်စေ့ခြင်းထည့်၍လည်းကောင်း၊အသင့်ပြုလုပ်ပြီး ပျိုးဘောင်တွင်တစ်စေ့နှင့်တစ်စေ့ တစ်လက်မခြား၍ပျိုးပါ။ပျိုးစပ်မြေအဖြစ်မြေဆွေး(၂)ဆ၊ နွားချေးဆွေးအမှုန့်(၁)ဆ၊စက်ဖွဲပြာ(၁)ဆရောစပ်အသုံးပြုပါ။ မြေပြုပြင်ခြင်း ထယ်တစ်စပ်၊ထွန်နှစ်စပ်ညက်ညက်ထွန်ပေးပြီး ပေါင်းမြက်ကင်းစင်အောင် ကောက်ပေးရမည်။မိုးများသောဒေသတွင် အကျယ်(၂)ပေ၊အမြင့်(၁‒၁.၅)ပေ ဘောင်များဖြင့် စိုက်ပျိုးရပါမည်။မိုးနှောင်းကာလနှင့်မိုးနည်းသောဒေသတွင် အကျယ်(၁-၁.၅)ပေ၊အနက်(၈-၁၀)လက်မထိ စိုက်ကျင်း၊မြောင်းရှည်များတူးကာ စိုက်ပျိုးနိုင်ပါသည်။မြေအဖြစ် နွားချေးဆွေး ၊စက်ဖွဲပြာ၊ စပါးခွံတို့ကိုမြေမွစေရန်ထည့်သွင်းပေးရပါမည်။ စိုက်ပျိုးခြင်း ပျိုးသက်(၂‒၃)လသားအရွယ်ရှိသောပျိုးပင်များကိုစိုက်ပျိုးပါ။ပင်ကြား၊တန်းကြားအကွာဝေးကို(၂'×၂.၅')(၁.၅'×၄')စသည်ဖြင့်ရာသီဥတုပေါ်မူတည်ပြီးစိုက်ပျိုးနိုင်သည်။(၂'×၂.၅')ဖြင့်စိုက်ပျိုးပါကတစ်ဧကလျှင်အပင်(၈၇၁၂)ပင်နှင့်(၁.၅'×၄')စိုက်ပျိုးပါကတစ်ဧကလျှင်အပင်(၇၂၆၀)ပင်ဝင်ဆံ့ပါသည်။ အပင်ပြုစုခြင်း ပေါင်းမြက်များကို အပင်သက်တမ်းတစ်လျှောက် ရှင်းလင်းပေးခြင်း၊စက်ဖွဲပြာ၊စပါးခွံများထည့်ပေးခြင်း၊ဘောင်ထပ်ပေးခြင်းများကို အခါအားလျော်စွာပြုလုပ်ပေးရပါမည်။ခြောက်သွေ့ရာသီတွင်ရေပေးသွင်းခြင်းကိုမြေအစိုဓါတ်အပေါ်မူတည်ပြီး ပေးသွင်းရပါမည်။စိုက်ပြီးအပင်သက်နှစ်လသားအရွယ်တွင် အပင်များကိုယိုင်လဲမှုမရှိစေရန် တိုင်ထောင်ကြိုးတန်းပေးခြင်းကို ပြုလုပ်ပေးရပါမည်။အပင်သက်(၃‒၄)လသားအရွယ်မှစ၍အပင်သားတက်ဖယ်ခြင်းကို တစ်အုံတွင်(၃-၄)ပင်ချန်၍ပြုလုပ်ပါ။  ပင်စည်ကိုင်းများကို တစ်ပင်လုံးမညှိုးခင်မဖြတ်ဘဲ ပင်စည်ကိုင်းမှအမြစ်ဥသို့အစာပြောင်းရွှေ့ပြီးမှသာ ပင်စည်ကိုင်းများကိုဖြတ်ပြီး သဘာဝမြေသြဇာ၊ဓါတ်မြေသြဇာထည့်ခြင်းပြုလုပ်ကြပါသည်။ ပင်စည်အသစ်များအားကောင်းချိန်တွင် ပင်စည်ဟောင်းများမညှိုးမှီ ဖြတ်ပေး၍မြေသြဇာကျွေးခြင်းကို ဆောင်ရွက်ပါကအထွက်မလျော့စေသည့်အပြင်အကြိမ်အရေအတွက်များများခူးဆွတ်နိုင်ပါသည်။ရေသွင်းရေထုတ်ကောင်းစေရန် ရေသွင်းရေထုတ်မြောင်းများကို စနစ်တကျတူးဖော်ထားရှိရမည်။ အပင်သက်တမ်းတစ်လျှောက် နှစ်ပတ်တွင်တစ်ကြိမ်နှမ်းဖတ်ပုပ်ဖျော်ရည်ကို အပင်ခြေတွင်လောင်းပေးပါ။(ရေ၁၅ဂါလံတွင်နှမ်းဖတ်နှင့်နွားချေးအစို (၃)ပိဿာစီလောင်းပေးပြီး(၁၀)ရက်ခန့် အဖုံးပိတ်အပုပ်ခံပြီးနှပ်ထားပါ။၎င်းအပုပ်ရည်နို့ဆီဘူးတစ်ဘူးနှင့် ရေ(၄)ဂါလံရောစပ်ပြီးတစ်ပင်လျှင်နို့ဆီဘူးတစ်ဝက်ခန့်လောင်းပေးပါ။ မြေသြဇာကျွေးခြင်း ကညွတ်ကိုအောက်ပါနှုန်းထားအတိုင်းမြေအမျိုးအစားနှင့်သက်တမ်းအလိုက်ထည့်သွင်းရပါမည်။မိုးဦးကျတွင်တစ်ကြိမ်၊မိုးနှောင်းပိုင်းတွင်တစ်ကြိမ်၊နှစ်ကြိမ်ခွဲ၍ထည့်ပေးရန်(သို့)ပေါင်းရှင်းပြီးတိုင်း၊ပင်စည်ဟောင်းဖြတ်ပြီးတိုင်းအကြိမ်ကြိမ်ခွဲကျွေးရန်ဖြစ်ပါသည်။ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း ပိုးမွှားရောဂါကျရောက်မှုကိုဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများဖြင့်ကြိုတင်ကာကွယ်ရမည်။ကညွတ်တွင်ကျိုင်း၊ငမြောင်တောင်၊ပျကျရောက်ပါကစိုက်ပျိုးရေးဦးစီးဌာနမှခွင့်ပြုထားသောဆေးများဖြင့်လည်းကောင်း၊ပင်စည်ပုပ်ရောဂါ၊အမြစ်ပုပ်ရောဂါ၊မြစ်ဥပုပ်ရောဂါ၊သံချေးရောဂါများကျရောက်ပါကကာဗင်ဒါဇင်၊ပရိုကာဗင်ဒါဇင်၊မန်ကိုဇက်နှင့်ကာဆူမင်စသည့်မှိုသတ်ဆေးများဖြင့်လည်းကောင်းအညွှန်းအတိုင်းပက်ဖျန်း၍နှိမ်နှင်းရပါမည်။ ရိတ်သိမ်းခြင်း အပင်သက်တမ်း(၁)နှစ်သားတွင်ပင်ပိုင်းကြီးထွားမှုနှင့်အမြစ်အုံကောင်းစွာဖွံ့ဖြိုးစေရန်အတွက်အစို့၊အညှောက်များကိုခူးဖြတ်ခြင်းမပြုပါနှင့်။ဒုတိယနှစ်တွင်အနည်းငယ်သာခူးဖြတ်ပါ။တတိယနှစ်မှစတင်၍(၆-၈) ပတ်ထိခူးဆွတ်နိုင်ပါသည်။အပင်သက်တမ်း(၅-၆)နှစ်အထိထားကြပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကညွတ်စိုက်ပျိုးလို့ ရ/မရ သိချင်ပါတယ် အောင်မြင်ဖြစ်ထွန်းဖို့ လိုအပ်တာများကိုလည်း ဖြေကြားပေးစေချင်ပါတယ်
ဖြေကြားချက် 2 ခု
ကညွတ်စိုက်ပျိုးနည်းလေးနဲ့မျိုးစေ့ဝယ်လို့ရတဲ့လိပ်စာလေးလမ်းညွှန်ပေးပါအုန်းဗျစမ်းသပ်စိုက်ပျိုးကြည့်မလို့ပါ
ဖြေကြားချက် 2 ခု
ကညွှတ်အပင်ဝါပြီနောက်သေတယ်ကွက်ပြီးတော့အကြံပေးပါ
ဖြေကြားချက် 1 ခု
ကညွတ်စိုက်ပျိုးနည်း
ဖြေကြားချက် 1 ခု
သဲမြေတွင်ကညွတ်ပင် ရေအစက်ချစနစ်ဖြင့် စိုက်ပျိုး ဖြစ်ထွန်း နိုင်ပါသလား ရေပေး နည်းစနစ်နဲ့ တစ်နေ့ တာ ရေပေးရမယ့် ပ...
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။