အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးဥက္ကာမင်း
လွန်ခဲ့သော ၂ နှစ် က · သာစည်

Trade name နဲ့ AI name ကွဲကြပြီလား AI ဆိုတာ အစွမ်းထက်ပစ္စည်း ဆေးတွေမှာ စာလုံးသေးသေးနဲ့ရေးထားတာတွေပေါ့။ Trade nameဆိုတာ ကုန်သွယ်မှုနာမည် ဥပမာဆိုပါစို့ - သံပုရာရည်မှာ သံပုရာရည်က trade name သံပုရာသီး၊ သကြား၊ ရေ စတာတွေက AI တွေပေါ့။ AIကိုနားလည်မှ တောင်သူတွေရဲ့ သွင်းအားစုလျော့ကျနိုင်ပြီး ထွက်နှုန်းပိုကောင်းနိုင်မယ်။တွဲပေးသမျှပက်ပြီး ထွက်လာတဲ့အခါ မှ ဆင်ဖိုးထက်ချွန်းဖိုးကြီးနေလိမ့်မယ်။AI နားလည်ပြီးမှန်ကန်စွာ အသုံးချနိုင်ဖို့ လေ့လာကြပါ ဦးကြီးတို့ ။နွားတစ်ချင်းပြိုင်းရုန်းရင်း ကျရတဲ့ ချွေးစက်တွေကနေရလာတဲ့အကျိုးမြတ်ကို ခံစားရဖို့ စာများများဖတ်ပါ။နည်းလမ်းသစ်တွေ ရှာဖွေပါ။မေးခွန်းတွေမေးပါ။စေတနာများစွာဖြင့်။OKM.Agri

ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၁ ခု

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၂ နှစ် က

အခုလို Share ပေးလို့ ကျေးဇူးပါရှင့်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။