အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Htaik Gyi
Htaik Gyi 123
လွန်ခဲ့သော ၂ နှစ် က · ဆိပ်ဖြူ

(၁) ကြက်သွန်နီ ခင်း ကို အားဆေစဖြန်းပြီးမှ ရေသွင်းတာလားဗျ... ရေသွင်းပြီးမှ ဖြန်းတာလားခင်ဗျာ..(၂) ပိုးဆေးနဲ့ အားဆေး ရောဖြန်းရလားဗျ.. ဘယ်ချိန် မှာဖြန်းရင် အာနိသင်ရှိလဲခင်ဗျာ..(၃) မိူဆေးကရော ဘယ်ချိန်ဖြန်းသင့်ပါသလဲခင်ဗျာ... ကြက်သွန်နီခင်း မလုပ်ဘူးလို့ပါ ဆရာသမားတို့ ကျေးဇူးပြု၍ ဖြေပေးပါ 🙏🙏🙏

စိုက်ပျိုး ရေ ကြက်သွန်နီ

ဖြေကြားချက် ၂ ခု

Htaik Gyi
Htaik Gyi 123 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါဗျ 🙏🙏🙏

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,118,098 လွန်ခဲ့သော ၂ နှစ် က

ကြက်သွန်စိုက်ပြီး ၂ပတ်သား​ကျော်ရင် စုပ်စားပိုး​ဆေး+အား​ဆေး ဖျန်းနိုင်ပါတယ်။ ​မြေအ​နေအထားကြည့်ပြီး ​ရေငတ်​​လောက်မှ ​ရေ​ပေးပါ။ စိုက်ပြီး ၁​ရေ ပြီး၊​နောက်၁​ရေကို ၂၅-၃၀ရက်​လောက်မှ ​ရေသွင်းပါ။ ဂျစ်​ဆန်ပက်ပါ၊​မြေဆီ​ကျွေးပါ။ အပင်အ​ခြေ​နေကြည့်ပြီး မှို​ဆေးလိုက်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ကြက်သွန်အနီခင်းမှာ အပင်ထိပ်ဖျားတွေဝါပြီး အောက်မြေကြီးထဲက အကောင်တွေကိုက်နေလို့ ဘယ်လိုလုပ်ရမလဲဗျ

ဖြေကြားချက် 1 ခု

ရေများတယ် ထင်လို့ ဝါဝါတာတာ ဖြစ်နေတာပါ လိုအပ်ချက်လေးများ ပြောသွားပေးကြပါဗျာ ....

ဖြေကြားချက် 5 ခု

အပင်စိုက်ပြီး15ရက်သားရှိပါပြီဗျ။ခါးရိ ဥပုပ်ပြီး အပင်သေနေလို့ပါ။ ဘာဆေးဖြန်းရမလဲ အကြံပြုပါအုံး ဆရာတို့ရေ။

ဖြေကြားချက် 2 ခု

ယူနတီမှိုဆေးနဲ့ မန်ကိုဇက်မှိုဆေး တွဲဖျန်းလို့ ရလားခင်ဗျာ အဆင်ပြေရင် ဖြေပေးပါ

ဖြေကြားချက် 2 ခု

အကြံဉာဏ်ပေးပါဦးခင်ဗျာ ကြက်သွန်နီ ၂ လသားဝန်းကျင် အဖျားခြောက်နေတာ ဒေါင်းနီရွက်ခြောက်ရောဂါထင်လို့ ယူနတီ‌မှိုဆေး+...

ဖြေကြားချက် 12 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။