ဖြေကြားချက် ၃ ခု
နနွင်းနက်အကြောင်းရေးထားတာလေး ဝက်ဆိုဒ်တစ်ခုမှာ တွေ့လို့ပါ။ ဒီလင့်ကနေ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ http://www.searchmyanmar.com/link/comment/cid/65780
နနွင်း သည် စိုက်ပျိုးရ အလွယ်ကူဆုံး သီးနှံ ဖြစ်သည်၊။ အာလူး၊ ဂျင်း ကဲ့သို့ပင် ဥ၊ အတက် ကို ဖဲ့စိုက် ရသော သီးနှံဖြစ်သည်။ ထိန်းသိမ်းရ လွယ်ကူပြီး စရိတ်စက အနည်းဆုံးသီးနှံဖြစ်သည်။ နနွင်း သည် စိုက်ပျိုးရ အလွယ်ကူဆုံး သီးနှံ ဖြစ်သည်၊။ အာလူး၊ ဂျင်း ကဲ့သို့ပင် ဥ၊ အတက် ကို ဖဲ့စိုက် ရသော သီးနှံဖြစ်သည်။ ထိန်းသိမ်းရ လွယ်ကူပြီး စရိတ်စက အနည်းဆုံးသီးနှံဖြစ်သည်။ မျိုးစေ့မှ စိုက်ပျိုးခြင်း မဟုတ်ဘဲ ဥ၊ အတက်၊ အပင်အစိတ်အပိုင်းမှ မျိုးပွားခြင်းဖြစ်သည်။ ၆ လ မှ ၈ လ ထိ ကြာမြင့်ပြီး အပင်အမြင့် ၃ ပေ နှင့် အထက်ထိ ကြီးမြင့်နိုင်သည်။ ၈ လကြာလျှင် နနွင်းဥများ ကောင်းစွာ ရင့်မှည့်စေပါသည်။ ပူနွေးပြီး စိုစွတ်သော ဒေသ ကို ကြိုက်နှစ်သက်သည်။ နေရောင်ကောင်းစွာရရှိခြင်းကို ကြိုက်သော်လည်း အရိပ် ရရှိလျှင် ပိုမိုကောင်မွန်ပါသည်။ ပျမ်းမျှ အပူချိန် ၂၀ မှ ၃၀ ဒီဂရီ စင်တီဂရိတ်တွင်း ရမှသာလျှင် စိုက်ပျိုးရန် သင့်တော်သည်။ နှုန်းမြေ၊ မွနေသောမြေကို ကြိုက်နှစ်သက်သည်။ မြေဆီကောင်းမွန်သောမြေကို ရေသွင်းရေထုတ်နှင့် လေဝင်လေထွက်ကောင်းသော ပုံးများ အိတ်များတွင် ထည့်သွင်း ၍လည်းကောင်း စိုက်ပျိုးနိုင်သလို မြေပေါ်သို့ တိုက်ရိုက်ချစိုက်၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ အအေးပိုင်းတွင် စိုက်ပျိုးပါက မြေဘောင်တင်ခြင်းနှင့် မြေဆီသြဇာကျွေးခြင်းကို ပုံမှန်ပြုလုပ်ရမယ်ဖြစ်သည်။ သဘာဝရွက်ဖျန်းမြေသြဇာများကိုလည်းသုံးနိုင်သည်။ အပင်အစိတ်အပိုင်းဥ မှစတင်စိုက်ပျိုးရသောသီးနှံဖြစ်၍ မိခင်ပင်မတွင် ရောဂါကင်းရှင်းပြီး အထွက်ကောင်းသောအပင်မှ နနွင်းပင်မှအတက်ကိုသာယူ၍ စိုက်ပျိုးသင့်သည်။ နနွင်းအတက်မှာ ကျန်းမာသန်းစွမ်းသည့် လက္ခဏာဖြစ်သည့် အတက်ဘေးမျက်စိများစွာပါပြီး တင်းတင်းရင်းရင်း ရှိသော အတက်ကိုယူပါ။ မျက်စိနှစ်ခုမှ သုံးခုထိပါအောင် အတက်ကိုဖြတ်ပါ။ စိုက်ပျိုးလိုသောမြေနေရာတွင် မျက်စိကို မျက်မှာပြင်ပေါ်တွင်ဖော်၍ စိုက်ပါ။ နေအလွန်ပူသောနေရာတွင်မစိုက်ပါနှင့်။ လေးပတ်သား( တစ်လကြာ)လျှင် အညွှန့်လေးများထွက်လာပါမည်။ အတက်ကိုမြေထဲတွင်သာ ဖုံးအုပ်ထားပါ။ ရွက်ဖျန်းမြေသြဇာဖျန်းလိုကဖျန်းနိုင်ပါသည်။ သို့တစေ တစ်ဧကလျှင် နွားချေးကောင်းစွာဆွေးမြည့်ထားသည်ကို ဆယ့်ငါးတန်(နွားလှည်း ဆယ်စီးခန့်)ထိ ထည့်သုံးခြင်းသည် အခြားဓာတုမြေဆီများ ထည့်သွင်းစရာမလိုလောက်အောင် လုံလောက်ပြီးဖြစ်သည်။ အပင်တွင်ရောဂါ၊ ပိုး ကျရောက်ခြင်းမရှိသလောက်နည်း၍ ကုန်ကျစရိတ်အလွန်နည်းပါးသော သီးနှံပင်ဖြစ်သည်။ အညွှန့်ထွက်ပြီး လေးလာကြာလျှင် ဥများဥပြီဖြစ်ပြီး အရွက်များဝါ၍ခြောက်လာပါက ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။ တစ်ပင်လုံးကိုတူးထုတ်စရာမလိုပါ။အတက်များကိုဖဲ့၍ တူးနိုင်ပြီး မိခင်ပင်မကြီးကို နောက်တစ်သီး နောက်တစ်နှစ်စိုက်ရန် မျိုးထား၍လည်းရသည်။ နနွင်းတက်များသည် ခြောက်လမှ တစ်နှစ်ထိ လေလုံသော အိတ်ထဲတွင် သိုလှောင်သိမ်ဆည်းထားနိုင်သည်။ အအေးခန်းထဲတွင် သိုလှောင်သိမ်းဆည်းပါက ထို့ထက်ကြာအောင် သိုလှောင်နိုင်သည်။ တစ်ဧကလျှင် တန်ချိန် နှစ်ဆယ်ထိ ထွက်နိုင်သည်။ မျိုးနှုန်းမှာ အတက်အကြီးအသေးပေါ်မူတည်၍ အသေချာတွက်ချက်၍ မရပါ။ ရွှေရည်လင်း
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နနွင်းအပင်တွေ ဝါနေလို့ဘာဆေး သုံးရမလဲ ခင်ဗျာ ဆရာသမားများ အကြံညဏ်လေး မျှပေးကြပါ အုန်း ခင်ဗျာ
ဖြေကြားချက် 1 ခု
နနွင်းအရွက်တွေ ဝါ နေလို့ ပါ ခင်ဗျာ ဘာဆေးသုံး ရမလဲ
ဖြေကြားချက် 1 ခု
နနွင်းများပုံပါအတိုင်းဖြစ်နေတာဘယ်လိုပြုပြင်ရင်ရနိုင်မလဲ
ဖြေကြားချက် 0 ခု
နနွင်းခြောက်များဝယ်ယူလိုပါသည်။
ဖြေကြားချက် 4 ခု
နနွင်ဈေးအလားအလာကောင်နိုင်ခင်ဗျာ
ဖြေကြားချက် 1 ခု