အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆန်းညွန့်
လွန်ခဲ့သော ၇ နှစ် က · တောင်ငူ

ကြံစိုက်ပျိုးနည်းအပြည့်အစုံနှင့်ကြံပျိုးရွှေးချယ်မူှ့ကိုအလင်းပြပေးပါ

စိုက်ပျိုးနည်း ကြံ
Post image
1

ဖြေကြားချက် ၁ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,046 လွန်ခဲ့သော ၇ နှစ် က

ကြံပင်သည် မြေကြီးထဲတွင် အစိုဓာတ် ပမာဏ လုံလောက်စွာ ရှိနေအောင် ထိန်းသိမ်း ထားနိုင်သော မည်သည့်မြေ အမျိုးအစားတွင်မဆို စိုက်ပျိုး ဖြစ်ထွန်းနိုင် ပါသည်။ အာဟာရ ဓာတ်ကြွယ်ဝသော နုန်းမြေ၊ သဲနှုန်းမြေ၊ နုန်းမြေစေးများသည် ကြံပင်၏ အထွက်နှုန်းနှင့် ကြီးထွားမှုအတွက် အကောင်းဆုံး ဖြစ်သည်။ ကြံပင်သည် ရေကြိုက်သော သီးနှံ ဖြစ်သော်လည်း ရေဝပ်ခြင်းကို မနှစ်သက်ပါ။ ကြံပင် စိုက်ပျိုးနိုင်သည့် မြေချဉ်ငံကိန်း (pH) မှာ ၅-၈ ကြား ဖြစ်သည်။ ကြံပင်သည် (၁၂လမှ ၂၀လ)ထိ ကွင်းထဲတွင် ထားရှိရသော သီးနှံတခု ဖြစ်၍ မြေဆီကြွယ်ဝသောမြေသည် အထူး သင့်လျော်သည်။ ကြံပင်ကို ဧက အမြောက်အများစီးပွားဖြစ် စိုက်မည် ဆိုပါက မြေကြီးထဲရှိ အာဟာရဓာတ် ပါဝင်မှု စမ်းသပ် စစ်ဆေးခြင်းကို အရင်ဆုံး ပြုလုပ်သင့်ပါသည်။ အသေးစိတ်ကို ဒီလင့်ကနေ ဖတ်နိုင်ပါတယ်။ https://greenwaymyanmar.com/posts/cultivation-of-sugarcane

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။