အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,764
လွန်ခဲ့သော ၂ နှစ် က · မအူပင်

ယခုလိုမြေ ပြင်ချိန်မှာ ပေါင်းသတ်ဆေးဖျန်းသင့်လာဗျာ ဘယ်အချိန်မှာဖျန်းသင့်လည်းပြောပြပါအုံဆရာတိုရေ

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က

ပေါင်းသတ်ဆေး ကိုပေါင်းပင်ရှိမှဖျန်းပါမြေပြင်ချိန်ပေါင်းမရှိရင်ဖြန်းဘို့မလိုပါ

အတည်ပြုပြီး 13,001 လွန်ခဲ့သော ၂ နှစ် က

ပေါင်းသတ်ဆေးတွေအမျိုးမျိူးရှိပါတယ်ခင်ဗျ တချို့ပေါင်းသတ်ဆေးတွေကဆေးဖျန်းချိန်မှာ စိုက်ခင်းအတွင်း ရေရှိနေရန် မလိုအပ်ဘဲ အစိုဓာတ်ရှိရုံသာလိုသော်လည်း တချို့ကတော့ ရေရှိတဲ့အခြေအနေမြှာ ပက်ဖျန်းရတာလည်း ရှိနိုင်ပါတယ် ပေါင်းမြက်ပင်များမပေါက်မီပက်ဖျန်းရတဲ့ (Pre-emergence) ပေါင်းမြက်ပင်များပေါက်ပြီးမှသာပက်ဖျန်းရတဲ့(Post-emergence) ဆိုပြီးတော့လည်းကွဲပါသေးတယ််ခင်ဗျ ကိုယ့်အခင်းကပေါင်းတအားမများရင်တော့ pre-emergenceကိုဖျန်းစရာမလိုပါ(မြေကိုထိခိုက်စေလို့ပါ) ပေါင်းတအားများနေရင်တော့ ဂလိုင်ဖိုဆိတ်တို့လိုရွေးချယ်မဲ့ပေါင်းသတ်ဆေးကို စပါးမကြဲခင် ၂ပတ်လောက်ကနေကြိုဖျန်းပေးရပါမယ်

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

မျိုးကြဲပြီးစအချိန် ​ပေါင်းအုပ်ဆေး ဖျန်းနိုင်ပါတယ်။ စိုက်ပြီး ၁၅-၂၅ရက်သားအရွယ် ​ပေါင်းသတ်​ဆေး ဖျန်းရပါတယ်။ ​ပေါက်တဲ့​ပေါင်းအမျိုးအစားလိုက်ပြီး ​ပေါင်းသတ်​ဆေးအုပ်စု ​ရွေူချယ်ရပါတယ်။ ​ဆေးဆိုင်​တွေ​မေးဝယ်ပါ

1,764 လွန်ခဲ့သော ၂ နှစ် က

ဘယ်အချိန်ဖျန်းသင့်လည်းဆရာ လမ်းညွန့်ပေးပါအုံဗျာ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

မြေပြင်စဥ်မှာ ​ပေါင်းသတ်​ဆေးသုံးစရာမလိုပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။