ဖြေကြားချက် ၃ ခု
ဂျပန်နှမ်းဖြူစိုက်ပါ
ကျေးဌူးပါဆရာမျိုးကိုဘယ်မှာဝယ်လို့ရလဲဆရာ
ဆင်းရတနာ နှမ်းမျိုးများနှင့် အထွက်တိုးအောင်ဆောင်ရွက်ရမည့် နည်းလမ်းများ *********************************************** ဆင်းရတနာနှမ်းမျိုးများနှင့်အထွက်တိုးအောင်ဆောင်ရွက်ရမည့် နည်းလမ်းများ ကို လာမယ့် ဆောင်ရာသီ စိုက်ပျိုးချိန်အမီ တောင်သူဦးကြီးများအတွက် Pisaya Info မှ စုစည်းတင်ပြပေးလိုက်ပါတယ်။ #ဆင်းရတနာ ( ၃ ) ၁။ အသက်ရက် - ၈၅ - ၉၀ ၂။ အပင်ပုံစံ - ကိုင်းဖြာ ၃။ အပင်အမြင့် ( cm ) - ၁၀၀ -၁၂၀ ၄။ ပန်းစတင်ပွင့်ရက် - ၃၀ ရက် ၅။ အရွက်ထွက်ပုံ - ရွက်လွှဲ ၆။ အသီးပုံသဏ္ဍာန် - သီးပြား ၇။ အသီးအရှည် ( cm ) - ၂. ၇ ၈။ တစ်သီးပါအစေ့ - ၆၈ ၉။ အစေ့အရောင် - အနက် ၁၀။ အစေ့တစ်ထောင် ( ဂရမ် ) - ၂. ၈ ဂရမ် ၁၁။ အထွက်နှုန်း ( တင်း ) - ၁၈ - ၂၆ ၁၂။ ဆီထွက်ရာခိုင်နှုန်း - ၅၀ ၁၃။ အစေ့ငုတ်ချိန် - မရှိ ၁၄။ အလင်းရောင်တုန့်ပြန်ချိန် - မရှိ ၁၅။ စိုက်စနစ် - ၁၅’’ × ၄’’တစ်သိန်းလေးထောင် ၁၆။ အသီးထွက်မှုပုံစံ - စုံတက် ၁၇။ ထူးခြားချက် - ရေငတ်ဒဏ်ခံနိုင်သည်။ အထွက်နှုန်းကောင်း။ #ဆင်းရတနာ ( ၄ ) ၁။ အသက်ရက် - ၈၀ - ၈၅ ၂။ အပင်ပုံစံ - တပင်တိုင် ၃။ အပင်အမြင့် ( cm ) - ၈၀ -၁၂၀ ၄။ ပန်းစတင်ပွင့်ရက် - ၂၉ ရက် ၅။ အရွက်ထွက်ပုံ - ရွက်လွှဲ ၆။ အသီးပုံသဏ္ဍာန် - သီးပြား ၇။ အသီးအရှည် ( cm ) - ၂. ၇ ၈။ တစ်သီးပါအစေ့ - ၆၀ - ၈၀ ၉။ အစေ့အရောင် - အဖြူ ၁၀။ အစေ့တစ်ထောင် ( ဂရမ် ) - ၃. ၀ ဂရမ် ၁၁။ အထွက်နှုန်း ( တင်း ) - ၁၅ - ၂၂ ၁၂။ ဆီထွက်ရာခိုင်နှုန်း - ၄၅ - ၄၆ ၁၃။ အစေ့ငုတ်ချိန် - မရှိ ၁၄။ အလင်းရောင်တုန့်ပြန်ချိန် - မရှိ ၁၅။ စိုက်စနစ် - ၁၅’’ × ၂’’ အပင်ဦးရေ နှစ်သိန်းကျော် ၁၂’’ × ၄’’ တစ်သိန်းခုနှစ်သောင်းခန့် ၁၆။ အသီးထွက်မှုပုံစံ - ပဒေသာသီး ၁၇။ ထူးခြားချက် - မိုးကြိုရာသီတွင် ရေသွင်းစိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်သည်။ ရေကောင်းမြေကောင်းကြိုက် စုပ်ပိုးနှင့်နှမ်းဖိုရောဂါဒဏ်ခံနိုင်။ ယိုင်လဲမှုဒဏ်ခံနိုင်သည်။ #ဆင်းရတနာ ( ၅ ) ၁။ အသက်ရက် - ၈၀ - ၈၅ ၂။ အပင်ပုံစံ - ကိုင်းဖြာ ၃။ အပင်အမြင့် ( cm ) - ၁၀၀ -၁၂၀ ၄။ ပန်းစတင်ပွင့်ရက် - ၃၅ ရက် ၅။ အရွက်ထွက်ပုံ - ရွက်လွှဲ ၆။ အသီးပုံသဏ္ဍာန် - သီးပြား ၇။ အသီးအရှည် ( cm ) - ၂. ၅ ၈။ တစ်သီးပါအစေ့ - ၆၅ ၉။ အစေ့အရောင် - အဝါ ၁၀။ အစေ့တစ်ထောင် ( ဂရမ် ) - ၃. ၀ ဂရမ် ၁၁။ အထွက်နှုန်း ( တင်း ) - ၁၄ - ၂၃ ၁၂။ ဆီထွက်ရာခိုင်နှုန်း - ၅၀ ၁၃။ အစေ့ငုတ်ချိန် - မရှိ ၁၄။ အလင်းရောင်တုန့်ပြန်ချိန် - မရှိ ၁၅။ စိုက်စနစ် - ၁၅’’ × ၄’’ တစ်သိန်းလေးထောင် ၁၆။ အသီးထွက်မှုပုံစံ - ဝါးတက် ၁၇။ ထူးခြားချက် - ရေသွင်းနှမ်း ဆည်ရေသောက်ေးသများနှင့်သင့်တော်သည်။ အပူဒဏ်ခံနိုင်။ သက်လျင်အထွက်ကောင်းမျိုး။ နှမ်းပန်တိုင်အထွက်နှုန်းတိုးရန်ဆောင်ရွက်ရမည့်နည်းလမ်းများ ၁။ မိုးကြိုးထယ်ရေးပြုလုပ်ပါ။ ၂။ မိုးရွာလျှင်ရွာခြင်း မြေပြုပြင်ရာတွင်ထယ်နက်နက်ထိုးပြီး ထွန်ရေးညက်အောင်ပြုလုပ်ပါ။ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ ၃။ စိုက်ထယ်ရေးပြင်ချိန်တွင် တစ်ဧကလျှင် နွားချေးဆွေး ( ၁ ) တန်မှ ( ၃ ) တန်အထိ ထည့်ပေးပါ။ ယူရီးယား ( ၅၆ ) ပေါင်၊ တီစူပါ ( ၅၆ ) ပေါင်၊ ပိုတက် ( ၅၆ ) ပေါင်ကိုညီညာစွာ ထည့်ပေးပါ။ ၄။ ထွန်ရေးရပြီးလျှင် မြေညီရန် ကြမ်းတုံးရိုက်ပါ။ ၅။ မိုးနှမ်းကို မေလ နှင့် ဇွန်လအတွင်း၊ ဆောင်းနှမ်းကို စက်တင်ဘာလကုန်အတွင်း၊ နွေနှမ်းကို ဖေဖော်ဝါရီ ( ၁၅ ) မှ၊ မတ်လ ( ၁၅ ) ရက်အတွင်းအပြီးစိုက်ပျိုးပါ။ ၆။ အထွက်ကောင်းမျိုးများဖြစ်သည့် ဆင်းရတနာ -၃ ၊ ဆင်းရတနာ -၄ ၊ ဆင်းရတနာ - ၅ နှင့် နှမ်းနီ ( ၂၅/ ၁၆၀) ကြယ်မရှောင်မျိုးများကို အသုံးပြုပါ။ ၇။ ကိုင်းဖြားသောမျိုးကို တန်းကြား ( ၁၅ ) လက်မ၊ တစ်ပင်တိုင်မျိုးကို ( ၁၂ ) လက်မ စိုက်ကြောင်းဆွဲချပြီး တစ်ပင်နှင့်တစ်ပင်ကြား ( ၄ ) လက်မထား၍ သားခွဲရန်။ ၈။ မျိုးစေ့ကို ( ၁-၁.၅) လက်မအတွင်း ၇ရှိအောင် ဆောင်ရွက်ပါ။ ၉။ ပုံမှန်အရွက် ( ၄ - ၆ ) ရွက် ထွက်ချိန် အပင်သက်တမ်း ( ၂ ) ပတ်သားတွင် တစ်ကျင်းတစ်ပင်ချန် သားခွဲခြင်း ဆောင်ရွက်ပါ။ ၁၀။ အပွင့်စပွင့်ချိန်တွင် ယူရီးယား ( ၂၈ ) ပေါင်နှင့် ပန်းမြိုင်မြိုင်ပွင့်ချိန်တွင် ယူရီးယား ( ၂၈ ) ပေါင် ထည့်သွင်းပါ။ ၁၁။ နှမ်းသားခွဲပြီးချိန်မှ အပွင့်စပွင့်ချိန်ထိ ဇိစစူပါ ရွက်ဖျန်းမြေသြဇာကို တစ်ပတ်ခြားတစ်ကြိမ် ဖျန်းပေးပါ။ ၁၂။ မိုးရွာသွန်းပြီး မြေထန့်ချိန်တွင် ကြားလိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်းများဆောင်ရွက်ပါ။ အပင်ပေါက်သည်မှ ( ၃၀ ) ရက်အတွင်း ပေါင်းမြက်ကင်းအောင် ဆောင်ရွက်ပါ။ ၁၃။ နှမ်းသည် ရေဝပ်ခြင်းကို လုံးဝမနှစ်သက်သဖြင့် ရေသွင်းရေထုတ် လွယ်ကူစေရန် ရေထုတ်မြောင်းများ၊ စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုလုပ်ပါ။ ၁၄။ အပွင့်စပွင့်ချိန်မှ အပွင့်တိတ်ချိန်အတွင်း ရေလိုအပ်မှုမရှိစေရန် လိုအပ်ပါက ရေသွင်းပါ။ ၁၅။ အပင်ငယ်စဉ်တွင် စုပ်ပိုးများနှင့် နှမ်းဖိုရောဂါ ကူးစက်စေသော ဖြုတ်ညိုတို့အား ထိရောက်စွာ ကာကွယ်ပါ။ ၁၆။ နှမ်းရိုးမဲ ရောဂါအတွက် မှိုသတ်ဆေးများသုံးစွဲ၍ ကြိုတင်ကာကွယ်ပါ။ ၁၇။ အပင်အောက်ပိုင်းရှိ စီးတောင့် ( ၄ - ၅ ) သီးခန့် ဝါလာလျှင် သို့မဟုတ် အလယ်သီးများအား ခွဲကြည့်၍ အရောင်ရင့်ပါက ရိတ်သိမ်းပါ။ ၁၈။ နှမ်းထောင်စနစ်ကို အသုံးပြု၍ အလေအလွင့်နည်းအောင် ရိတ်သိမ်းပါ။ ၁၉။ နှမ်းပုံချိန်နှင့် နှမ်းထောင်ချိန်တွင် နှမ်းစေ့စုပ်ပိုးဖြစ်သော ( Blacl Bug )များ ကျရောက်တတ်၍ အဆိပ်အတောက်ကင်းသော ဟင်းသီးဟင်းရွက်ဖျန်းဆေးများသုံးစွဲ၍ ချက်ခြင်းနှိမ်နင်းပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရေဆင်း၄ လို့ခေါ်တဲ့ ဂျပန်နှမ်းဖြူအကြောင်းလေးလဲသိပါစေဆရာ
ဖြေကြားချက် 1 ခု
နှမ်းမျိုး ဆင်းရတနာ-၄နဲ့ ရေဆင်း-၄လို့ခေါ်တဲ့ ဂျပန်နှမ်းဖြူတို့အကြောင်း ပြည့်ပြည့်စုံစုံသိပါရစေဆရာတို့ရေ၊နောက်...
ဖြေကြားချက် 1 ခု
ဂျပန်နှမ်းဖြူက တစ်ဧကအထွက်နှုန်း အမြင့်ဆုံးဘယ်လောက်ထွက်လဲ?
ဖြေကြားချက် 3 ခု
ဆရာတို့ဆင်းပဒေသာနှမ်းမျိုးနဲ့ဆင်းပဒေသာမြေပဲမျိုးဘယ်မှာဝယ်လို့ရလဲဆရာဖုန်းနံပါတ်လေးရှိရင်ပြောပေးပါ
ဖြေကြားချက် 1 ခု
အဲ့နှမ်းက ဘာမျိုးလဲဆရာတို့
ဖြေကြားချက် 1 ခု