အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,643
လွန်ခဲ့သော ၂ နှစ် က

မနှစ်က ကြက်သွန်နီလှောင်တာ ပုပ်,ပုပ်သွားတာ ဘာကြောင့်ပုပ်ရတာလည်း မပုပ်အောင် ဘယ်လိုလှောင်ရမလည်း ကြက်သွန်နီ အပင်အ...

မနှစ်က ကြက်သွန်နီလှောင်တာ ပုပ်,ပုပ်သွားတာ ဘာကြောင့်ပုပ်ရတာလည်း မပုပ်အောင် ဘယ်လိုလှောင်ရမလည်း ကြက်သွန်နီ အပင်အကျစောရင် အ့လိုကြက်သွန်လှောင်ရင် အပုပ်များတ ယ်ဆိုတာ ဟုတ်ပါသလား ကျနော် ကြက်သွန်အခင်း သည်လိုဖြစ်တာ ဘာရောဂါလည်း ရောဂါဖြစ်တုန်းက ကုသရင် ပျောက်ပါလား၊မဖြစ်ခင်ကာကွယ်ဆေးပဲ သုံးလို့ရတာလား အ့တုန်းက ဆက်သွယ်အခက်ခဲကြောင့် မမေးလိုက်ရလို့ပါ ဆရာ စာရှည်သွားလို့ တောင်းပန်ပါတယ်ခင်ဗျ

စိုက်ပျိုး ဗဟုသုတ ကြက်သွန်နီ ကြက်သွန်နီပင်ဖြူရတဲ့အကြောင်းအရင်း
Post image
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

မှိုမျိုး​စေ့​တွေ ကြက်သွန်ဥမှာ ကပ်ပါလာရင် ပုပ်နိုင်ပါတယ်။ များ​သောအားဖြင့်​တော့ အပင်မှာပဲ ​ဒေါင်းနီး​ရောဂါ ကျ​ရောက်တာများပါတယ်။ ​လှောင်​တော့မယ်ဆိုရင် ​ကောင်းစွာ​ခြောက်​သွေ့​အောင်​နေလှန်းပြီးမှ​လှောင်ပါ။

1,643 လွန်ခဲ့သော ၂ နှစ် က

ကြက်သွန်ဒေါင်းနီးရွက်ခြောက် ရောဂါဖြစ်ထားတဲ့ ကြက်သွန်လှောင်ထားရင် ပုပ်နိုင်သလားဆရာ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

ကြက်သွန်​ဒေါင်းနီးရွက်​ခြောက်​ရောဂါပါ။ မဖြစ်ခင် ကာကွယ်​ဆေးဖျန်းရပါတယ်။ အခုလက်ရှိအ​နေအထားအရ ကုသ​ဆေးဖျန်းရပါတယ်။ဒီုင်မီသို​မော့/မက်တလက်ဇီး/အဇိုဇီစထရိုဘင် မှို​ဆေး​တွေ အလှည့်ကျဖျန်းရပါတယ်။ ကြက်သွန်​လှောင်စဥ် ပုပ်လွယ်တာက​တော့ ​စောသိမ်းတာအပြင် ယူရီးယားများ​သောဓါတ်​မြေသြဇာ အသုံးများရင် ပုပ်လွယ်ပါတယ်။​နောက်တခုက ​မြေကြီးနဲ့နီးနီး ​လှောင်ထားရင် ပုပ်လွယ်လို့ စင်အမြင့်နဲ့ ​လှောင်ရပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။