အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
125
လွန်ခဲ့သော ၂ နှစ် က · ဂန့်ဂေါ

မေးချင်တာ ၂ ချက်ရှိတယ်ဗျ ၁။ စူပါဘိုကာရှီပြုလုပ်နည်း (က) အီးအမ်ပြင်း၊ တင်လဲရည် ၊ ရေ၉၈ (ခ) အသင့်သုံးအီးအမ်၊ တင်...

မေးချင်တာ ၂ ချက်ရှိတယ်ဗျ ၁။ စူပါဘိုကာရှီပြုလုပ်နည်း (က) အီးအမ်ပြင်း၊ တင်လဲရည် ၊ ရေ၉၈ (ခ) အသင့်သုံးအီးအမ်၊ တင်လဲရည်၊ ရေ၉၈ ကျွန် စမ်းသပ်ကြည့်သော အီးအမ်ဘိုကာရှီ 1. နွားချေးဆွေး တစ်ဆ 2. စပါးခွံ တစ်ဆ 3. အသုံးသုံးအီးအမ် 80% ရေ 20% 4. မှတ်ချက် အိပ်ကအလေအနည်းငယ်ဝင်တယ်ဗျ စက်နဲ့ချုပ်တဲ့ ချုပ်ရိုးနေရာလေးပါ အောက်ပါပုံကတော့ ပြုလုပ်ပြီး ၁၅ ရက်ကြာအခြေအနေပါ မေးချင်တာက အီးအမ်ဘိုကာရှီက လုံးဝဆွေးသွားရမှာလားဗျ။ စပါးခွံတွေက ပုံမပျက်ပဲရှိနေလို့ပါ။

အပင်အာဟာရ စပါး ဘိုကာရှီ မြေသြဇာ
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

စူပါဘိုကာရှိအတွက်လိုအပ်တာကနွားချေးဖွဲနုစပါးခွန် အသင့်သုံးEM နဲတင်လှည်ရည်ပြုလုပ်နည်းအခြောက်ပစ္စည်းတွေကိုစတူရောနယ်ပါEM နဲတင်လှဲရည်ရောပြီးနယ်ပါနယ်ထားတာတွေကိုလက်နဲဆုတ်ကြည့်ပါလက်ကြားရေမစိမ့်အလုံးမပျက်ရင်ရပြီလေလုံတဲ့အိပ်ထဲထည့်ပါသုံးရက်ကြာရင်သုံးလို့ရပြီ ကြာကြာထားမယ်ဆိုလေသလပ်ခံပြီးသိမ်းပါ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

တခါတည်း လုံးဝ​ဆွေး​မြေ့သွားတာမျိုး မဟုတ်ပါဘူး။ အကျိုးပြုအနုဇီဝ​လေး​တွေ ပွားများပြီး ထည့်လိုက်တဲ့ပစ္စည်း​တွေကို ​အော်ဂင်းနစ် ပစ္စည်းလုပ်​ပေးတာပါ။ ​မြေကြီးထဲ ​ရောက်မှ လုံးဝ​ဆွေး​မြေ့ဖြစ်စဥ်ရမှာပါ။

125 လွန်ခဲ့သော ၂ နှစ် က

ပုံစံဘယ်လိုပြောင်းသွားလဲဗျ အားလုံးဆွေးသွားလား ခြောက်သွားလား

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။