အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုလတ်
လွန်ခဲ့သော ၇ နှစ် က · သရက်ချောင်း

mombasa နဲ့ paspalum atra ဘယ်ဟာက အာဟာရတန်ဖိုး ပိုမြင့်ပါသလဲဗျ။ကျေးဇူးပြုပြီး ဖြေပေးကြပါအုံး။

အာဟာရဗေဒ နွား

ဖြေကြားချက် ၆ ခု

kyawthantzin
kyawthantzin 116 လွန်ခဲ့သော ၇ နှစ် က

မွန်ဘားဆားမြက်မျိုး ဘယ်မှာရနိုင်မလဲ

အောင်မျိုးသန့်
အောင်မျိုးသန့် 6,326 လွန်ခဲ့သော ၇ နှစ် က

မွန်ဘားဆားသည် ရေဝပ်ဒဏ်မခံနိုင်ပါ။ မိုးတွင်းကာလများတွင် ၃ ပတ် တစ်ကြိမ်ရိတ်နိုင်ပါသည်။ ဆောင်းတွင်းတွင် ဒေသကိုလိုက်၍ ကွားခြားနိုင်ပါသည်။ ရေပေးနိုင်ပါက အလယ်ပိုင်းဒေသများတွင် ၆ ပတ် ၇ ပတ်တစ်ကြိမ်ရိတ်နိုင်ပါသည်။ အချို့အအေးပိုလွန်းသည့်ဒေသများတွင် အပင်အထွက်ရပ်ပါသည်။ မွန်ဘားဆားမြက်သည် အပူပိုင်းဒေသမြက်မျိုးများတွင် အအေးဒဏ်ခံနိုင်ရည်ကောင်းသည့်မြက်မျိုးဖြစ်ပါသည်။

တင်မောင်နီ
တင်မောင်နီ 350 လွန်ခဲ့သော ၇ နှစ် က

မွန်ဘားဆား စိုက်နည်း လေးပြောပြပါလား ဘယ်နဲ့ရက်ဆို ရိတ်သိမ်း လို့ရလဲ ဘယ်နှစ်နှစ်ခံလဲ ပြောပြပေးပါ ဆရာ

တင်မောင်နီ
တင်မောင်နီ 350 လွန်ခဲ့သော ၇ နှစ် က

မွန်ဘားဆား က ရေဝပ် တာခံနိုင်လား ဆရာ

ကိုလတ်
ကိုလတ် 986 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပါ

အောင်မျိုးသန့်
အောင်မျိုးသန့် 6,326 လွန်ခဲ့သော ၇ နှစ် က

အာဟာရတန်ဖိုး မတိမ်းမယိမ်းဖြစ်ပါမယ်။ မွန်ဘားဆားက ခြောက်သွေ့တဲ့ဒဏ်ပိုခံနိုင်ပြီး ပါ့စ်ပယ်လန်က မိုးများရေဝပ်တဲ့ဒဏ်ပိုခံနိုင်ပါတယ်။ ဒေသအခြေအနေပေါ်မူတည်ပြီးရွေးချယ်သင့်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။