အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးရန်ကျော်မိုး
လွန်ခဲ့သော ၂ နှစ် က · ပျဉ်းမနား

ပြောင်းပင်ချဉ်ဖတ်ပြုလုပ်နည်းမျှဝေပေးကြပါဦး

အပင်အာဟာရ ပြောင်း

ဖြေကြားချက် ၁ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,619 လွန်ခဲ့သော ၂ နှစ် က

မြေကျင်းနဲ့ ပြုလုပ်မယ်ဆိုရင် လ×န ၄၅×၁၅​ပေ အနက် ၂​ပေ ကျင်းလိုအပ်ပါမယ်။ ​ပြောင်းပင်မစိုမ​ခြောက်အ​နေအထားကို စက်နဲ့စဥ်းပြီး ကျင်းထဲထည့်ပါ။မထည့်မီအရင်ဆုံး ကျင်း​အောက်​ခြေကို ပလပ်စတစ်အကြည်စ အပြည့်ခင်းထားရပါမယ်။ ကျပ်သိပ်​နေ​အောင် ထွန်စက်နဲ့ ဖိသိပ်ပါ။ အားလုံးထည့်ပြီး ဖိသိပ်ပြီးရင် ပလပ်စတစ်အကြည် ထပ်အုပ်ပါ။ ​လေလုံ​အောင်ပိတ်ရမှာပါ။ပြီးရင် မိုးကာအုပ်ပြီး ပျဥ်ပြား သို့မဟုတ် ​မြေကြီးအိတ်/သဲအိတ်​တွေနဲ့ဖိပါ။၄/၅လ​လောက် အထိ ထိန်းထညးနိုင်ပါမယ်.

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အရွက်တွေတစ်အားစားနေလို့ပါ ဘာပိုးလည်းဗျာ။ဘာဆေးသုံးရမလဲလမ်းညွှန်ပေးကြပါဦး

ဖြေကြားချက် 2 ခု

အခုချိန်ကစပြီးးမိုးသီးနှံစိုက်ချင်လို့ပါ ဘာသီးနှံတွေစိုက်ရင်ကောင်းမလဲဆရာတို့အနုခင်းလေးလုပ်ချင်လို့ပါ

ဖြေကြားချက် 1 ခု

ပြောင်းပင်ပေါက်ခါစအပင်လေးတွေဘာကောင်ကိုက်မှန်းမသိလို့ပါဗျာ။တစ်ချို့အပင်စိုရင်အရင်းကနေပျက်ထွက်နေလို့။ဘာဆေးဖြန်းရ...

ဖြေကြားချက် 1 ခု

အပင်နှင့်အရွက် အပွင့်နှင့်အသီး သဘာဝသြဂဲနစ်ရွက်ဖျန်းမြေသြစာ ဖော်စပ်နည်း မျှဝေပေးစေလို

ဖြေကြားချက် 1 ခု

ပြောင်းစိုက်ပြီးရင်နောက်ထပ်ပြောင်းထပ်စိုက်ဖို့အဆင်ပြေလားဗျ။ထပ်စိုက်မယ်ဆိုရင်လည်းဘာတွေလုပ်ဖို့လိုအပ်မလဲ။ဖြေကြား...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။