ဖြေကြားချက် ၂ ခု
ကေဟူးမိတ်ရဲ့ အာနိသင်ကိုအရင်ပြောပါရစေ..။ ၁။မြေကြီးပီအိပ်ချ် နိမ့်သည်ဖြစ်စေ၊မြင့်သည်ဖြစ်စေ ၊အမြစ်က အစာစားနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ၂။မြေကြီးထဲမှာရှိတဲ့ မကောင်းတဲ့ ဓါတ်ကြွင်းတွေကို ချေဖျက်ပေးနိုင်ပါတယ်။ ၃။အမြစ်မွှေးလေးတွေ ရှင်သန်ပွားများစေပါတယ်။ ၄။မြေကြီးအတွင်းက ပိုး၊ရောဂါတွေကို အထိုက်အလျောက်ကာကွယ်စေပါတယ်။ ဒါကြောင့် ကေ-ဟူးမိတ်ကို ကွမ်းခြံမှာ ဂျစ်ဆန်နဲ့အတူရောကျွေးခြင်း/သီးသန့်ကျွေးပေးခြင်းဖြင့်၊အပင်အမြစ်ထွက်အားကောင်းပြီး၊ အရွက်ထွက်အား၊အရွက်သားကောင်းစေပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မိုးရာသီမှာကွမ်းအတွက် မြေဆီ ဘာအမျိုးစားကို သုံးသင့်ပြီး ဘယ်လိုမျိုး မြေဆီကို ရှောင်သင့်လဲဗျ
ဖြေကြားချက် 4 ခု
ကွမ်းပင်ကိုEMဖျန်းရင်ဘယ်လိုအကျိုးသက်ရောက်ပါသလဲဗျ။
ဖြေကြားချက် 2 ခု
ရေနစ်မြုပ်သွားတဲ့ကွမ်းပင်တွေကိုနူတ်ပြီးပြန်စိုက်ချင်ပါတယ် မြေပြုပြင်ရန်ထည့်သွင်းရမည့်သွင်းအားစုများနှင့် ပြန်...
ဖြေကြားချက် 3 ခု
acc/ac , cc/ac အဓိပ္ပါယ်တွေ သိချင်ပါတယ်။
ဖြေကြားချက် 1 ခု
အိမ်ခြံဝန်းထဲမှာ ခြတွေရှိပါတယ်။ ခြံစည်းရိုးဝါးခြမ်းတွေကို ခြတွေစားပါတယ်။ အဲ့ဒီခြံစည်းရိုးနဲ့ ၁၀ပေ အကွာလောက်မှာ...
ဖြေကြားချက် 2 ခု