အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,349
လွန်ခဲ့သော ၂ နှစ် က · မိုးညို

စိုက်ပျိုးရေး ပညာရှင်များ နဲ့ ကြုံဖူးလို့ သုံးဖူးသူများ ကူညီပေးပါခင်ဗျာ ပိုးသတ်ဆေးဖျန်းတာ အရင်ဆုံး ဒီမင်း...

စိုက်ပျိုးရေး ပညာရှင်များ နဲ့ ကြုံဖူးလို့ သုံးဖူးသူများ ကူညီပေးပါခင်ဗျာ ပိုးသတ်ဆေးဖျန်းတာ အရင်ဆုံး ဒီမင်း ပေါင်းသတ်ဆေး ဖျန်းထားပါတယ် ဆပ်ပြာနဲ့ ဆေးတာ နှစ်ခါပဲ ဆေးလိုက်မိလို့ ဆေးအာနိသင်မကုန်ပဲကျန်ပြီး ပိုးသတ်ဆေး ရုံးပတီပင်ကို ဖျန်းလိုက်တာ အပင်တွေ ခုလို တွေ ဖြစ်ကုန်ပါတယ် ခုမှ လေးသုတ်ပဲ ခူးရပါသေးတယ် ခင်ဗျာ နအပင်တွေ ခုတော့ဝါပြီး အညွန့်တွေ တုန်းသွားပါတယ် ပြန်ကောင်းနိုင်မယ့် နည်းလမ်းလေးတွေ ရှိရင် ကူညီပေးကြပါခင်ဗျာ🙏🙏🙏ဆေးဖျန်းတာတော့ သုံးရက်ရှိပါပြီခင်ဗျာ

အပင်အာဟာရ ရုံးပတီ ဆေးလောင်ခြင်း
Post image
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

15,275 လွန်ခဲ့သော ၂ နှစ် က
အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က

ပီဂျီအာ/upအပ်..စတဲ့ သဘာဝအမိုင်နို အားဆေးတွေ ဖျန်းပေးပါ

2,349 လွန်ခဲ့သော ၂ နှစ် က

အပင်အားပြန်တက်အောင် ဘယ်ဆေးဝါး သုံးသင့်လဲ ခင်ဗိာ

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က

တွန့်တဤ့အရွက်/အညွန့်တွေကို ခူးပစ်လိုက်ပါ။ နောက်ထပ်အညွန့်ထပ်မွေးပါ။ ပေါင်းသတ်ဆေးဖျန်းတဲ့ပုံးကို သီးသန့်ထားနိုင်ရင်ပိုကောင်းပါတယ်။ ဒါမှမဟုတ် ရွံ့ရည်နဲ့ ၂ကြိမ်လောက် လှုပ်ခါဆေးပေးပါ။ပြီးမှ ဆပ်ပြာနဲ့ဆေးပါ။ ဆေးဖျန်းတံ၊နော်ဇယ်ထဲမှာလဲ ဆေးကျန်နေနိုင်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။