အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
127
လွန်ခဲ့သော ၂ နှစ် က · ပဲခူး

ကျွန်တော် စျေးကထွက်တဲ့ Organic အမှို်က်တွေကို မြေဆွေးလုပ်ပြီး ဓာတ်ခွဲခန်းမှာ Cadmium စစ်ကြည့်တာ 0.0002% ပါဝင်...

ကျွန်တော် စျေးကထွက်တဲ့ Organic အမှို်က်တွေကို မြေဆွေးလုပ်ပြီး ဓာတ်ခွဲခန်းမှာ Cadmium စစ်ကြည့်တာ 0.0002% ပါဝင်မှုရှိတယ်လို့ အဖြေထွက်လာပါတယ်။ အဲ့တာက စိုက်ပျိုးရေးမှာ သုံးဖို့ သင့်လျော်၊ မလျော်နဲ့၊ မြေဩဇာ ထုတ်လုပ်ခွင့် လိုင်စင်လျှောက်မယ်ဆို အဆင်ပြေနိုင် မပြေနိုင်လေး သိချင်လို့ပါ။ (အရင်က Heavy metal စစ်ဖူးပါတယ်။ ကျန်တာအကုန် အဆင်ပြေပြီး Cadmium တခုသာ ပုံမှန်ထက်များတယ်ပြောလို့ ထပ်စစ်ကြည့်တာပါ)

Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,066 လွန်ခဲ့သော ၂ နှစ် က

The US EPA’s regulatory limit of Cd in drinking water is 5 ppb or 0.005 parts per million (ppm)8. The WHO recommended safe limits of Cd in both wastewater and soils for agriculture is 0.003 ppm15,16. အထက်ဖော်ပြပါအတိုင်းWHOက သတ်မှတ်ချက်အရဆိုရင်မိတ်ဆွေ့ရဲ့ Cd 0.0002ppmသည်၊မပြောပလောက်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

နွှားသေးနဲ့EMရောပြီးအားဆေးအဖြစ်အသုံးပြုလို့ရပါသလားဗျဘယ်လိုအသုံးပြုရမလဲရှင်းပြပေးပါဦး

ဖြေကြားချက် 5 ခု

နွားချေးကို ပဲ မစိုက်ခင် အစို ချတာကောင်းလား အ​ခြောက် ကြမှချတဲ့ဟာကောင်းလား ဘယ်ဟာက ပိုသင့်တော်လည်းဗျ

ဖြေကြားချက် 2 ခု

ဟူးမစ်အက်စစ်သဘာဝအမြှစ်အားဆေးကိုဓါတုပိုးသတ်ဆေးနှင့်တွဲဖျန်းလို့အဆင်ပြေနိုင်လား..ဆရာတို့ခင်ဗျာ

ဖြေကြားချက် 2 ခု

ဆန်ဆေးရည် ငါးခေါင်း သစ်ရွက် ဟင်းသီးဟင်းရွက် အစိမ်းအကျန်တွေကို စုပြီး ပုန်းမှာထည့်စိမ်ပြီးရလာတ့ဲ အရည်ကိိုအပင်...

ဖြေကြားချက် 1 ခု

စိုက်ပျိုးရေးအတွက်မြေဩဇာအဖြစ် ဒိတ်အောက်သွားတဲ့ဝက်စာတောင့်ကိုသုံးလို့ရပါသလား ကျေးဇူးပြု၍အကြံပြု‌ပေးပါ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။