အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,206
လွန်ခဲ့သော ၂ နှစ် က · မကွေး

မြေပဲ၁၅ရက်သားမှာ ၁၅.၁၅.၂၅နဲ့ကျောက်မှုန့်ကျွေးထားပါတယ်၊နောက်ထပ် မြေဆီမကျွေးပဲ ရွက်ဖျန်းဆေး သုံးပြုရင်အဆင်ပြေ...

မြေပဲ၁၅ရက်သားမှာ ၁၅.၁၅.၂၅နဲ့ကျောက်မှုန့်ကျွေးထားပါတယ်၊နောက်ထပ် မြေဆီမကျွေးပဲ ရွက်ဖျန်းဆေး သုံးပြုရင်အဆင်ပြေနိုင်လားဗျ Nအချိုးနည်းတာသုံးပြုရမှလားဗျ ကယ်လ်ဆီယမ်ဓာတ်ပါသုံးပြုပေးရင်အဆင်ပြေလားဗျ ဘယ်နှစ်ကြိမ်လောက်သုံးပေးသင့်လဲဗျ။

အပင်အာဟာရ မြေပဲ မြေပဲမြေသြဇာကျွေးနည်း
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၂ နှစ် က

နောက်ဆုံးကြားဝင်ချိန်မှာ ‌ဂျစ်ပဆမ်ကျောက်မှုန့်ကို နွားချေးဆွေး သို့မဟုတ် မြေဆွေး နဲ့ဆတူရောပြီး အပင်ခြေနားကိုဖြူးပေးပါ။ဖြူးပြီးမှ ကြားထွန်ဝင်ပေးပါ။စွယ်တွေဖြစ်ထွန်းမှုအားကောင်းပြီး အဆံပြည့်တဲ့အသီးတောင့်တွေလည်းရရှိပါလိမ့်မယ်။(အစိုဓါတ်ရှိချိန်ကြားဝင်ပါကပိုကောင်းပါတယ်)

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

သဲမြေတွေက၊အော်ဂင်းနစ်ဓါတ်များများလိုတယ်။ေမြခံအဖြစ်၊နွားချေး/သဘာဝမြေဆွေးများများရနိုင်သလောက်ထည့်ပေးထားပါ။ Nထည့်စရာမလိုတော့ပါဘူး။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာတို့မြေပဲစိုက်ရင်၁၅ပတ်လည်ကိုမြေပဲနဲ့စိုက်ကြောင်းထဲချကြဲရင်အဆင်ပြေပါ့မလားခင်ဗျာ

ဖြေကြားချက် 1 ခု

Peanut crop basal application တွက် soil testမလုပ်ပဲ အနီးစပ်ဆုံး NPK fertilizer လိုအပ်ချက်ကိုပြောပြပါလားဆရာ( သဲ...

ဖြေကြားချက် 1 ခု

မြေပဲပင်တွေလျော့ပီးသူ့ရက်မပြည့်သေကုန်ပါတယ်5Gဆေးသုံးတယ်ပေါင်းသတ်ဆေးနဲ့ပိုးသတ်ဆေးသုံးတယ်အစပိုင်း2လအတွင်းရောဂါ...

ဖြေကြားချက် 4 ခု

၃လမြေပဲခင်း ရက်၄၀သါးမှာ ကျောက်မှုန့်မှာ ကယ်လဆီယမ်နဲ့ ရွက်ဖျန်းမှာပါ ကယ်လ်ဆီယမ် ပါတဲ့ဟာ ဘယ်ဟာပိုသုံးသင့်ပါသလဲ...

ဖြေကြားချက် 3 ခု

မှိုဆေး အသုံးပြုရန်တွက် ကန့် ၁၅ကျပ်သားသုံးပြုလျှင် ထုံး ဘယ်လောက်ထည့်ရမလဲ ရေဘယ်နှစ်လီထည့်ရမလဲ ဖြေကြားပေးပါခင်ဗျ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။