ဖြေကြားချက် ၁ ခု
ဓါတူဆေးဝါးထုတ်လုပ်ရေးပညာရှင်တွေက၊aiတမျိုးကိုထုတ်လုပ်ရင်၊အဖက်ဖက်က စမ်းသပ်ပြီးမှ ထုတ်လုပ်ရပါတယ်။ ဥပမာ. ဆေးaiရဲ့ အာနိသင်ကြောင့်၊လူနဲ့သွေးနွေးသတ္တဝါတွေကိုထိခိုက်မှုရှိမရှိ၊ရေနေသတ္တဝါများ၊ပျား၊သဘာဝပတ်ဝန်းကျင်၊ရေထု/လေထုညစ်ညမ်းထိခိုက်မှု၊ဒါ့အပြင်၊ ဆေးအသုံးပြုရာတွင် စနစ်တကျအသုံးပြုနည်းလမ်းညှန်၊ မျက်စိ၊ပါးစပ်ထဲဝင်ရင်၊ရှေးဦးပြုစုနည်း၊ စသဖြင့် ရှုဒေါင့်ပေါင်းစုံ၊အားနည်းချက်မရှိရအောင် ထုတ်လုပ်ဖြန့်ဖြူးရပါတယ်။ ဖော်ပြပါအချက်တွေမပါရင်၊မှတ်ပုံတင်ခွင့်မပြုပါဘူး။ အသေးစိပ်သိလိုပါက၊aiတခုရဲ့ label ကို google search boxမှာ ရှာဖတ်ကြည့်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မန်ကိုဇက်ကိုဘာမှိုဆေးနဲ့တွဲဖြန်းလို့ရလဲဗျ
ဖြေကြားချက် 2 ခု
Copper ဆေးများသည်မည်သည့်ရောဂါများကို ကာကွယ်ကုသနိင်သလဲ?
ဖြေကြားချက် 3 ခု
ဆင်းသုခစပါးမှာမှိူသတ်ဆေးပိုးသတ်ဆေးဖျန်းမလို့ပါဆရာမိုးကွက်ကြားနေ့တိုင်းရွာနေတော့အဆင်မပြေဘူးဖြစ်နေတယ်ဆေးဖျန်း...
ဖြေကြားချက် 1 ခု
အဇိုစီစထရိုဘင်နဲ့ ဒိုင်ဖန်နိုကိုနာဇိုးအရောက အပင်လောင်တက်လားဗျ ဖြေပေးကြပါအုန်း
ဖြေကြားချက် 2 ခု
စပါးနှင့်အခြားသောစိုက်ပျိုးသီးနံများအတွက် မှိုရောဂါကာကွယ်ဆေး/မှိုသတ်ဆေးကို သဘာဝပစ္စည်းများဖြင့် ပြုလုပ်ချင်ပါ...
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ