အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
602
လွန်ခဲ့သော ၂ နှစ် က · ကျိုက်ထို

စပါး ေရသွင်း၊ေရထုတ်နည်းစနစ်သိချင်ပါတယ်

စိုက်ပျိုးနည်း စပါး စပါးရေသွင်း/ရေထုတ်

ဖြေကြားချက် ၂ ခု

602 လွန်ခဲ့သော ၂ နှစ် က

လယ်မညီဘူးဆိုရင် ေရဘယ်လိုေလှာင်သင့်လည်း

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

အဲဒီတော့ အပင်ပွားချိန် စိုက်ခင်းထဲမှာ ရေတစ်လက်မ၊ တစ်လက်ခွဲသာ အမြဲထိန်း ထားပြီးရေသွင်းရေထုတ်လုပ်ပေးနေဖို့ လိုပါတယ်။ ရေသွင်းရေထုတ် လွယ်လွယ်ထုတ် နိုင်ဖို့၊ မြန်မြန်ထုတ်နိုင်ဖို့၊ ညီညီညာညာထုတ်နိုင်ဖို့အတွက် လယ်ရဲ့လယ်သား မျက်နှာပြင်ကို ညီအောင်ညှိဖို့၊ တမန်းမျက်နှာပြင် ညီအောင်ညှိထားဖို့ လိုပါတယ်။ အကယ်၍ တမန်းမျက်နှာပြင်မညီဘဲ တစ်ဖက်စောင်း ထရံထောင်ဖြစ်နေမယ်၊ ဒယ် အိုးပုံအလယ်ခွက်နေမယ်၊ လိပ်ခုံးပုံအလယ်မောက်နေမယ်ဆိုရင် နိမ့်တဲ့နေရာက ရေများပြီး အပင်မပွားနိုင်၊ မြင့်တဲ့နေရာက ရေပြတ်ပေါင်းထပြီးအပင်မပွားနိုင်၊ ရေလည်း လွယ်လွယ်ထုတ်လို့မရတဲ့အတွက် ပင်ပွားမရရှိနိုင်တော့ဘဲ တစ်ဧကရှိရမယ့်အနှံအရေ အတွက် မရရှိနိုင်ဘဲ အထွက်ကျရန် သေချာနေပြီဖြစ်ပါတယ်။ စပါးမှိုကပ်ချိန်မှာ ရေအလိုအပ်ဆုံးအချိန်ဖြစ်ပါတယ်။ တစ်နှံပါအောင်စေ့များစေဖို့ အကျိုးပြုမှာဖြစ်ပါတယ်။ ဒါကြောင့်မှိုကပ်ချိန်မှာ စပါးခင်းထဲကို ရေ လေးလက်မ၊ ငါးလက်မရှိအောင် ထိန်းထားဖို့လိုပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။