အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တင်မောင်လင်း
လွန်ခဲ့သော ၇ နှစ် က · သာစည်

မြေထောက်ပဲအကြောင်းသိခြင်လို့ပါ စိုက်ပျိုးနည်းလေးပြောပြစေခြင်... း

စိုက်ပျိုးနည်း ပဲတီစိမ်း
1

ဖြေကြားချက် ၁ ခု

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၇ နှစ် က

ရာသီဥတု ပူနွေးသည့် ရာသီဥတုကို ကြိုက်နှစ်သက်သည်။ သို့သော် အပူချိန်မြင့်လွန်းက အသီးတင်မှုကို ထိခိုက်နိုင်ပါသည်။ ပင်လယ်မျက်နှာပြင်မှ မီတာ ၂,၅၀၀ ထိ စိုက်ပျိုးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသဖြင့် မြေတွင်းအစိုဓာတ်ပြည့်မီရန် အရေးကြီးပါသည်။ မြေအမျိုးအစား အစိုဓာတ်ထိန်းသိမ်းနိုင်ပြီး လေဝင်လေထွက်ကောင်း သော မြေဖြစ်ရပါမည်။ မြေချဉ်လွန်းခြင်း၊ ငန်လွန်ခြင်းကို မကြိုက်ပါ။ မြေပြုပြင်ခြင်း ထယ်တစ်စပ်ထိုးပြီး စိုက်ထယ်ရေးရသည်အထိ ထွန်နှစ်စပ်ခန့်မွှေပြီး ကြမ်းရိုက်မြေညှိပါ။ စိုက်ပျိုးခြင်း မြေထောက်ပဲတွင် ပင်ထောင်မျိုးနှင့် နွယ်ပင်မျိုး နှစ်မျိုးရှိပါသည်။ နွယ်ပင်မျိုးစိုက်ပါက နွယ်တက်ရန် စိုက်ကျင်းဘေးတွင် ဝါး၊ သို့မဟုတ် သစ်ကိုင်းဖြင့် စိုက်ပျိုးရပါမည်။ မျိုးစေ့အနက် တစ်လက်မမှ နှစ်လက်မထက် မပိုသင့် ပါ။ စိုက်ပျိုးသည့် မျိုးကိုလိုက်၍ ပင်ကြား ခုနစ်လက်မမှ ၁၆ လက်မအထိ စိုက်ပျိုးကြပါသည်။ အပင်ပြုစုခြင်း ပန်းပွင့်ချိန်ထိ ပေါင်းမြက်ကင်းအောင် ဂရုစိုက်ပါ။ မှည့်ခြောက်စွန်းရောဂါ၊ သံချေးမှိုရောဂါနှင့် အင်းဆက်ပိုးများ ကျရောက်ဖျက်ဆီးလေ့ရှိသဖြင့် အချိန်မီ ကာကွယ်ရန်လိုအပ်ပါသည်။ ခူးဆွတ်ခြင်း ဘိုစားပဲအဖြစ် အသီးများကို ဆွတ်ခူးရောင်းချလိုပါက သီးတောင့်အစိုအတွင်း အစေ့ပြည့်ဝစွာမကြီးမီ အလီလီဆွတ်ခူးရောင်းချနိုင်ပါသည်။ အစေ့ခြောက်အဖြစ် စိုက်ပျိုးပါက ၉၀ ရာခိုင်နှုန်း သီးတောင့်များ အရောင်ပြောင်းရင့်မှည့်ချိန်တွင် တစ်ပြိုင်တည်း ရိတ်သိမ်းပါ။ ရိတ်သိမ်းချိန်နောက်ကျပါက သီးတောင့်များကွဲပြီး အထွက်ဆုံးရှုံးနိုင်ပါသည်။ credit# https://www.facebook.com/search/top/?q=%E1%80%B1%E1%80%BB%E1%80%99%E1%80%B1%E1%80%91%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%B2

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။