အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ချစ်မျိုးကျော်
လွန်ခဲ့သော ၁ နှစ် က · ပုသိမ်ကြီး

ဆရာကြီးခင်ဗျ အပင် 15ရက်သားကနေစပြီး ရွက်ဖြန်းဓာတ်မြေဩဇာအနေနဲ့ မာလာမြိုင် ရှယ်ပဲနဲ့အတူ ပိုးသတ်ဆေးအဖြစ် မာလာမက်တင်ကို ရောပြီး အနည်းဆုံး ၇ရက်ကနေ အများဆုံး 9ရက်အတွင်းဖြန်းလာသည်မှာ 3ကြိမ်ရှိခဲ့ပြီး 4ကြိမ်မြောက်မှာ ကုလားပဲ ပင်တွေကို အခုလိုပုံစံမျိူး တွေ့နေရလို့ ဆက်မဖြန်းဘဲ ရပ်ထားပါတယ်ဗျ။ သေနေ့သည့် အပင်များကိုလဲ အမြစ်ပါသည်ထိ နူတ်ပြီး ဓာတ်ပုံရိုက်ပေးထားပါတယ်ဗျ။ ရွက်ဖြန်းနူတ်းထားကတော့ Nကို 50စီစီ၊ Pနဲ့Kကို 40စီစီနဲ့အတူရောဖြန်းပါတယ်ဗျ။ (မာလာမြိုင်ရှယ်ပဲက Nတစ်ဗူး၊ Pနဲ့K တစ်ဗူးတွဲပြီးပါ ပါတယ်ဗျ) မာလာမက်တင်ကိုတော့ 10စီစီပဲ ထည့်ပါတယ်ဗျ။ အပေါ်က နူန်းထားအတိုင်း 3ကြိမ်ဖြန်းထားပါတယ်ဗျ။ မိူဆေးကိုတော့ metalaxylပါဝင်တဲ့ ဆေးကို ဒီနေ့ညနေပိုင်းမှ စပြီး ဖြန်းထားပါတယ်ဗျ အခုပုံပါအတိုင်း ကုလားပဲပင်တွေက သေနေတာက များသလို၊ အဝါရောင်စပြီးသမ်းနေသည့် အပင်များလဲ ရှိပါတယ်ဗျ။ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာ ကျေးဇူးပြု၍ အကြံပေးဖို့တောင်းဆိုပါတယ်ဗျ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၇ ရက်
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၁ နှစ် က

ဖျူဆေရိယန်ရောဂါပါ။ ပင်စည်ခွဲကြည့်ရင်၊ရေကြောစည်းတလျောက်ညိုနေလိမ့်မယ်။ ကုဖို့ခက်ပါတယ်။နောက်အပင်တွေမကူးစက်မီ fosetyl Aluminium ဆေး၁ပုံး=၈၀ဂရမ်ဖျန်းပါ။

Arkar Min Oo
Arkar Min Oo 640 လွန်ခဲ့သော ၁ နှစ် က

အဲဒါက မှိုရောဂါပါဗျ ဖြူစေရီရမ် လို့ခေါ်ပါတယ်ဗျ သူ့ကို fosetyl-aluminium ပါဝင်သောဆေးကိုပတ်ဖြန်းပေးရပါတယ် လုံးဝပျောက်အောင်လုပ်၍မရပါပါဘူးဗျ ကာကွယ်ရုံလောက်ဘဲရမှာပါ

You

ဆက်စပ်မေးခွန်းများ

ကုလားပဲပင်တွေက အသီးဝင်နေတုန်းကွက်သေနေလို့ဗျာ ဘာဆေးသုံးရမလဲမသိလို့ ဆေးအညွန်းလေးပြောပေးကြပါအုံး.....

ဖြေကြားချက် 1 ခု

ဒီရောဂါဟာဖြူစေးရီးယမ်းမှိုရောဂါလို့ပြောပါတယ်ဓါတုဆေးမဟုပ်ဘဲနဲ့အော်ဂဲနစ်နည်းပညာနဲ့ဘယ်လိုကုသရမလဲအလင်းပြကြပါဦးဗျာ

ဖြေကြားချက် 5 ခု

ကုလားပဲအသေလေးတွေတွေ့တွေ့လို့မြစ်ခြောက်ဆွေးလားခဗျဘာရောဂါလဲဗျဘာဆေးသုံးရမလဲဆရာတို့ရေ

ဖြေကြားချက် 2 ခု

ဆရာတို့ ကုလားပဲကိုလယ်မြေကြီးစိုနေချိန်ထယ်မထွန်ပဲကြဲပက်လို့အဆင်ပြေနိုင်မလား အဆင်ပြေနိုင်ရင်စမ်းကြည့်မလို့ပါ

ဖြေကြားချက် 2 ခု

ပဲမြစ်ဖု ဇီဝမြေဩဇာက ဘယ်မှာဝယ်ရတာလဲ ဆင်ဖြူကျွန်းကပါ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။