အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၇ နှစ် က · မင်းတုန်း

ကြက်သွန်စိုက်ပျိုးနည်းလေးရှိရင် မျှဝေးပေးကြပါ

စိုက်ပျိုးနည်း ကြက်သွန်နီ ကြက်သွန်နီစိုက်ပျိုးနည်း
3

ဖြေကြားချက် ၃ ခု

လွန်ခဲ့သော ၇ နှစ် က
174 လွန်ခဲ့သော ၇ နှစ် က

ကျိ ုက်တယ် စိုက်ပျိ ုးရေးအလုပ်

လွန်ခဲ့သော ၇ နှစ် က

အစေ့ကို တိုက်ရိုက် စိုက်နိုင်သော်လည်း ကုန်ကျစရိတ်များသောကြောင့် ပျိုးထောင်၍ စိုက်ပျိုးကြသည်။ ကြက်သွန် တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (၀.၀၅) ဧက အရွယ် ရှိရမည်။ သေချာစွာ ပြင်ဆင်ထားသော ပျိုးခင်းတွင် မျိုးစေ့ကို ညီညာစွာ ကြဲ၍ လည်းကောင်း၊ အတန်းလိုက်သော် လည်းကောင်း စိုက်ရမည်။ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက် စိုက်သင့်သည်။ စိုက်ပြီးသော မျိုးစေ့များကို နွားချေးမှုန့်ပါးပါးနှင့် ပြန်လည်အုပ်ပေးပါ။ အညှောင့်မြေပေါ် ထွက်လွယ်စေရန် ဖြစ်သည်။ နေ့စဉ်ရေမှန်မှန်လောင်းပေးပါ။ မြေပြန့်တွင် ကြက်သွန်ကို အောက်တိုဘာလမှ နိုဝင်ဘာလ အထိ ပျိုးထောင်သည်။ တောင်ပေါ်ဒေသ၌ မတ်လမှ ဇွန်လ အထိ ပျိုးထောင်ကြသည်။ မျိုးစေ့နှုန်း တစ်ဧကလျှင် မျိုးစေ့၄ပြည် ခန့် လိုသည်။ မြေပြုပြင်ခြင်း ကြက်သွန်သည် ပြောင်းရွှေ့ စိုက်ပြီးချိန်မှ စ၍ အထနှေးသောကြောင့် ပေါင်းမြက်မနိုင်လျှင် တစ်ခင်းလုံး ပျက်စီးတတ်သည်။ ထို့ကြောင့် မြေပြုပြင်ချိန်တွင် ပေါင်းကို တစ်ပါတည်း ကြိုတင် နှိမ်ထားရမည်။ မြက် နှင့်ပေါင်းပင်များကို နှိမ်နင်းရန် အတွက် ထယ်ဖြင့် အကြိမ်ကြိမ် ထိုးပစ်ရမည်။ ထယ်ထိုးပြီးက ထွန်ရေးညက်အောင် ထွန်ပြီး ကြမ်းတုံးရိုက်၍ မိမိ စိုက်ပျိုးသော နည်းဖြင့် အကွက်ဖော်ယူရသည်။ ကြက်သွန်ကို ဘောင်ပေါ်တွင် စိုက်ပျိုးခြင်းဖြင့်လည်းကောာင်း၊ ကန်သင်းဖော်ခြင်းဖြင့် လည်းကောင်း စိုက်ပျိုးကြသည်။ များသောအားဖြင့် ဆည်ရေ၊ မြောင်းရေ သွင်းနိုင်သောအားဖြင့် ဆည်ရေ၊ မြောင်းရေသွင်းနိုင်သော ဒေသတွင် ဘောင်ဖော်စိုက်ပျိုးကြသည်။ စိုက်ပျိုးခြင်း ဘောင်ဖော် စိုက်ပျိုးနည်း ကြက်သွန်ကို စိုက်ပျိုးရန်အတွက် ဘောင်ဖော်ရာ၌ စိုက်ခင်း မြေမျက်နှာပြင် အနိမ့်အမြင့်ပေါ်မူတည်ပြီး ညီညာသော အပိုင်းများ အလိုက်ဘောင်ဖော်ပေးရမည်။ သို့မှသာ ရေသွင်းရန် လွယ်ကူပြီး ရေသည် ညီညာစွာ အကွက်ထဲသို့ ရောက်ရှိပေမည်။ ဘောင်ဖော်သည် ဆိုရာ၌ ရေသွင်းရန် အတွက်၃-၄ပေခြား မြောင်းများ ဖော်ပေးခြင်းဖြင့် အရာပေးပြီး ဂျုတ်ဆွဲ၍ ဖော်ကြသည်။ စိုက်ဘောင်ကို ညီညာအောင် ပြုပြင်ပြီး ပျိုးပင်ကလေးများကို တစ်ပင်နှင့် တစ်ပင်၊ တစ်တန်းနှင တစ်တန်း၄-၅လက်မခွာ စိုက်ရမည်။ ထို့နောက်ဘောင်နှင့် ညီအောင်ရေ သွင်းပေးရမည်။ ကန်သင်းဖော် စိုက်ပျိုးနည်း ဤစိုက်ပျိုးနည်းကို ဆည်ရေရသော ဒေသများတွင် အသုံးပြုကြသည်။ ကြက်သွန်ခင်းပေါင်း ရှင်းရာ၌ အကွက်ထဲ ဝင်၍ မရှင်းသင့်ပေ။ နုနယ်သော ကြက်သွန်ပင်များကို ထိခိုက် ပျက်စီးစေနိုင်ခြင်းကြောင့် ကန်သင်းပေါ်မှနေ၍ ပေါင်းရှင်းနိုင်ရန် အတွက်၄-၅ပေထက် မကျယ်သော အကွက်များကို ဖော်ပေးရမည်။ ပျိုးပင်ကလေးများကို ၄ပတ်-၆ပတ်သား အရွယ်တွင် ပြောင်းရွှေ့ စိုက်ပျိုးကြသည်။ ပျိုးပင်၏ အရင်းသည် အနည်းငယ် ကြီးလာပါက ပြောင်းရွှေ စိုက်ပျိုးနိုင်သည်။ ကြက်သွန်မျိုးပေါ် မူတည်၍ ပျိုးသက် ၅၅-၆၀ရက်သား အထိ ထား၍ စိုက်နိုင်ပါသည်။ ငယ်လွန်းသည့် ပျိုးပင်များနှင့် အရွယ် ကြီးလွန်းသည့် ပျိုးပင်များကို မစိုက်သင့်ပါ။ အရွယ် ကြီးလွန်းသည့် ပျိုးပင်များကို စိုက်ပျိုးပါက ဖူးတံ ထွက်မှုများစေပြီး ပျိုးပင် အရွယ်ငယ် လွန်းပါက ဥ အရွယ်သေးငယ်ကာ အထွက် နည်းစေပါသည်။ တစ်တန်းနှင့် တစ်တန်း ၅ - ၆ လက်မ ခန့်ထားရှိပြီး တစ်ပင်နှင့် တစ်ပင် ၃- ၄လက်မ ခွာ၍ စိုက်ပျိုးကြသည်။ ပျိုးပင်များကို ဒီဇင်ဘာနှင့် ဇန်နဝါရီလ အစောပိုင်းတွင် စိုက်ခင်း သို့ပြောင်းရွှေ့ စိုက်ပျိုးကြသည်။ တစ်ဧကလျှင် အပင် ၅-၇သိန်းကျော အထိဒေသ အလိုက် စိုက်ပျိုးစနစ်ပေါ် မူတည်၍ ဝင်ဆန့်ပါသည်။ စပ်မျိုး ကြက်သွန်နီကို သုံးပါက ၂သိန်းကျော် ဝင်ဆန့်သည်။ ကျွန်းမြေပေါ်နှင့် သဲချောင်းမြေများတွင်လည်း ကြက်သွန် စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံ မိုးခေါင်ရေရှားဒေသများ ၌ ဤနည်းကို အသုံးများသည်။ အရေးကြီးသော အချက်မှာ သဲချောင်း၏ အစိုဓါတ်ကို အပင်က မိမိရရ စားသုံးနိုင်ရန် ဖြစ်သည်။ အစိုဓာတ် များလွန်းခြင်း၊ နည်းလွန်းခြင်းသည် သီးနှံ စိုက်ပျိုးရေးတွင် မလိုလားအပ်သောကြောင့် ဤအခက်အခဲများကို ပြုပြင်ပေးရန် လိုအပ်သည်။ ရေမျက်နှာပြင်သည် မြေအောက်ရ-၈လက်မခန့်တွင် ရှိနေအောင မြေကို ပြုပြင်ပေးရမည်။ ထို့ကြောင့် အစိုဓာတ် များလွန်းသော နေရာတွင် သဲဘောင်များ ထွန်နှင့် လိုက်ဖို့ပေးခြင်း၊ အစိုဓာတ် များလွန်းသော နေရာ၌ အပေါ်ယံ သဲဘောင်များကို တစ်နေရာသို့ တိုက်ရိုက် ပို့ပေးပြီး၊ မြေကို ထွန်ယက် ညှိပေးရမည်။ သဲမြေညှိခြင်းကြောင့် လုပ်ငန်းမှာ မခက်ခဲလှပေ။ သို့ရာတွင် ဤကဲ့သို့မြေမျိုးတွင် စိုက်ပျိုးက နွားချေး၊ မြေဆွေး၊ ဓာတ်မြေသြဇာ စသည်တို့ကို ကြိုတင် အလုံအလောက် စုဆောင်း ထားရှိရမည်။ အပြည့်အစုံကိုအောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/cultivation-of-onion2

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။