အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
mg kyaw
mg kyaw 5
လွန်ခဲ့သော ၁ နှစ် က · ကျောက်ဆည်

မြေက အရမ်းကြပ်‌နေတယ်ဗျာ ကြပ်တည်းနေတဲ့ မြေဆီလွှာကို လုပ်လို့ကိုင်လို့ကောင်းအောင် နုန်းမြေနုထည့်ချင်လို့ဗျ နုန်းမြေနုစပ်ရင် တဧကကို နုန်းမြေ ပုဇဉ်းခေါင်းနဲ့ ဘယ်လောက်ထည့်သွင့်ရမလဲ တခြားလိုအပ်တာလေးတွေလည်း အကြံပြုပေးကြပါဦးခင်ဗျ။

Post image
Post image
Post image

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,118,100 လွန်ခဲ့သော ၁ နှစ် က

မြေအောက်ရေသွင်း မြေတွေမှာ၊ကြာလာရင်၊အပေါ်ယံမြေဆီလွှာတွေ၊ကြပ်ခဲသွားတတ်ပါတယ်။အာဟာရဓာတ် ​ေလျာ့တာမဟုတ်ဘဲ၊ မြေသားဖွဲ့စည်းပုံပျက်တာပါ။ ဒါကြောင့် နုံးထည့်တာထက်၊organic matter သဘာဝမြေဆွေးများများထည့်ပါ၊အထက်မှာ ဆရာတွေပြောသလို၊ဂျစ်ဆန်/စက်ဖွဲပြာ/ပဲမှော်​နှမ်း​မှော် စသဖြင့် ထည့်နိုင်သလောက်ထည့်ပေးပါ။

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 218,479 လွန်ခဲ့သော ၁ နှစ် က

နုန်းမြေကိုတတ်နိုင်သလောက်ထည့်ပါစပါးခွံမီးသွေပြုလုပ်ပြီးလဲထည့်နိုင်ပါတယ်ထုံးပါနဲနဲထည့်ပါ

သော်ဇင်
သော်ဇင် 362,490 လွန်ခဲ့သော ၁ နှစ် က

နှုန်းမြေကတော့အလျဉ်းသင့်သလိုကိုယ်ငွေနိုင်သလောက်ထည့်ပါ၊ မြေခံမှာ ဂျစ်ဆမ်တစ်အိတ်၊ပိုတက်အိတ်ဝက်ထည့်ပေးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။