အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁ ခု

30,900 လွန်ခဲ့သော ၁ နှစ် က

ငါး နှင့် ကြက် တွဲဖက်မွေးမြူခြင်း အကြောင်း ငါးမွေးတောင်သူများ၏ ၅၀% ခန့်သည် ငါးကန်အပေါ်တွင် ကြက်မွေးခြင်းလုပ်ငန်းကို တွဲဖက် ဆောင် ရွက်နေကြသည်ကိုတွေ့ရှိရပါသည်။ ယခုအချိန်တွင် အစာဈေးနှုံးမြင့်မားမှုကြောင့် ငါးနှင့်ကြက်မွေးမြူသော စနစ်ကို ငါးမွေးတောင်သူများအတော်များ စိတ်ဝင်စားနေကြသည်ကို သိရှိရပါသည်။ ငါးနှင့်ကြက်မွေးမြူ သော စနစ်မှထွက်ရှိသော ငါးသည် ဈေးကွက်တွင် ဈေးနှုံး နည်းပါးခြင်းနှင့် ပြည်ပ ပို့ကုန်အရည်အသွေး မမှီ ခြင်းများစသည့် အားနည်းချက်များ ရှိကြောင်း သိရှိရပါသည်။ ငါးနှင့်ကြက်တွဲဖက်မွေးမြူနည်းစနစ်တွင် ကြက်ချေးကို ငါးမှတိုက်ရိုက်စားသောက်ခြင်း မဟုတ်ပါ။ ကြက်ချေးသည် ငါးကန်အတွင်း ကျရောက်ပြီး၊ နေရောင်ခြည် အကူအညီဖြင့် အပင်မျှောလှေး (Phytoplankton) နှင့် အကောင်မျှောလှေး(Zoo plankton) ပေါက်ဖွားပြီး၊ ရေ၏အရောင်သည် အစိမ်း ရောင်ဖြစ်နေခြင်းဖြစ်ပါသည်။ ကြက်ချေးကြောင့် ပေါက်ဖွားလာသော သဘာဝအစာ အပင်မျှောလှေး နှင့် အကောင်မျှောလှေးများကို ကန်အတွင်းရှိ ငါးများ စားသောက်ပြီးကြီးထွားကြခြင်း ဖြစ်ပါသည်။ ကန်အတွင်း ကြက်ချေးများပါက အပင်မျှောလှေး၊ အကောင်မျှောလှေးပေါက်ဖွားမှု့ အားကောင်းပြီး ရေ၏အရောင်မှာ အစိမ်းရင့်ရောင်မှ အညိုရောင်သို့ပြောင်းလာပြီး ၊ ညအချိန်တွင် ကန်အတွင်း အောက်စီဂျင် ပြတ်လပ်ပြီး ငါးသေဆုံးခြင်းများကြုံတွေ့ရကြောင်းသိရှိရပါသည်။ ရာသီအပြောင်းအလဲများတွင် ငါးရောဂါ များကျရောက်ခြင်းများလည်း ရှိခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါကြုံတွေ့ရသောအခက်အခဲများကို ငါးမွေးတောင်သူများမှ တဆင့်သိရှိရခြင်းအပေါ် ဗီယက် နမ်ငါးလုပ်ငန်းအဖွဲ့မှ အောက်ပါအတိုင်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံတွင် လွန်ခဲ့သောအနှစ် (၂၀)ကျော်က မြန်မာပြည်တွင် ယခုမွေးနေသော ငါးကြင်းအုပ် စုငါးမျိုးကို မွေးမြူခဲ့ကြောင်းနှင့် ယခုကဲသို့သော အခက်အခဲများ ကြုံတွေ့ခဲရကြောင်း၊ ယခုအချိန်တွင် ဈေးကွက်ဝင် ငါးမျိုစိတ်များ ပြောင်းလဲမွေးမြူကြောင်းကို သိရှိရပါသည်။ ထို့အပြင် သုတေသနပြုချက်အရ ငါးနှင့်ကြက်တွဲဖက်မွေးမြူခဲ့ခြင်းလုပ်ငန်းတွင် ၊ဉစားကြက်တကောင် တနှစ်လျှင် ကြက်ချေး (၁၂.၅)ပိဿာ နှင်. အသားတိုးကြက်တကောင် တနှစ်လျှင် ကြက်ချေး (၁၃.၈)ပိဿာ ထွက်ရှိကြောင်း။ ထို.ကြောင့် ကြက် တကောင် မွေးမြူထားလျှင် ကန်အတွင်းတွင် ငါး (၅)ကောင်မှ (၈)ကောင်အထိမွေးမြူ နိုင်ကြောင်း အကြံပြု ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ ဆိုလိုသည်မှာ ငါးတကောင်မှ နေ့စဉ်ထွက်ရှိသော ကြက်ချေးမှ ကန်အတွင်းတွင် ပေါက်ဖွား လာ မည့် အပင်မျှောလှေးနှင့် အကောင်မျှောလှေး (သဘာဝအစာ) များကို ငါး (၅)ကောင် မှ (၈)ကောင်အထိ လုံလောက်စွာ စားသုံးနိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုအခါ ရေအရောင် အစိမ်းရင့်ရောင်အထိ ဖြစ် မလာနိုင်ကြောင်း နှင်. နောက်ဆက်တွဲ ကန်ထဲတွင် အောက်စီဂျင် ပြတ်လပ်မှု. နည်းပါးနိုင်ကြောင်း ကို တင် ပြအပ်ပါသည်။ ထိုမှ တဆက်တည်း အဆိုပါ ငါးနှင့်ကြက် တွဲဖက်မွေးသော ငါးကန်မှ အရွယ်ရောက်ငါးများ ထုတ် ရောင်းလိုပါက ၊ တိုက်ရိုက်ဖမ်းပြီးရောင်းချခြင်း မပြု ရန် နှင့် အဆိုပါ ငါးများကို ကန်တစ်ကန် ( ငါးနှင့်ကြက် တွဲဖက်မမွေးသောကန်) သို့ အရှင်ပြောင်းထည့်ပြီး ဖွဲနု ၊ ပဲဖတ် နှင့် အစာတောင့် တခုခုကိုကြွေးပြီး တလ အချိန် ပြန်လည်မွေးမြူပြီးမှ ထုတ်ရောင်းပါက ဈေးကွက်ဝင် ငါးများဖြစ်လာနိုင်ကြောင်း ကိုတင်ပြအပ်ပါ သည်။ Crd#ဦးဆန်းအောင်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။