အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
937
လွန်ခဲ့သော ၁ နှစ် က · ဝါးခယ်မ

စပါးကပုံပါအတိုင်းဖြစ်​နေပါတယ်ဘာ​ရောဂါဖြစ်ပြီးဘာ​ဆေးဖျန်းရမလဲ​ဖြေ​ပေးပါဦးဆရာတို့

ပိုးမွှားရောဂါ စပါး စပါးဂုတ်ကျိုးရောဂါ
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

348,307 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

စပါးဂုတ်ကျိုးရောဂါပါခင်ဗျာ ရောဂါပိုးအမည် ‒ စပါးဂုတ်ကျိုးရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Pyriculariaoryzae ကာကွယ်နှိမ်နှင်းနည်း ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများစိုက်ပျိုးခြင်း။ ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ၊၊နွေစပါးစိုက်ခင်းတွင်ရေအမြဲရှိနေရန် ဆောင်ရွက်ပါ။ဂုတ်ကျိုးရောဂါဖြစ်ထွန်းမှုကို အားပေးသောအပူချိန်ရှိသည့် လကိုရှောင်စိုက်ပါ။ အပင်စိပ်စပ်စိုက်ခြင်းမပြုရန်နှင့် ဒေသအလိုက်ခံနိုင်ရည်ရှိသော မျိုးကိုအသုံးပြုပါ။ Homai 80%(ဟိုမှိုင်း ၈၀%)ဆေးဖြင့် လူးနယ်စိုက်ပျိုးပါ။ Azoxystrobin(အဇိုစီစတိုဘင်)၊ Isoprothiolane(အိုက်ဆိုပရိုသိုင်အိုလိန်း)၊ Tricyclazole (ထရိုင်ဆိုက်ကလာဇိုး)၊ Thiophanate methyl(သိုင်အိုဖာနိတ်မီသိုင်း)စသော ဆေးများအသုံးပြုနိုင်သည်။

937 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။