အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,741
လွန်ခဲ့သော ၁ နှစ် က · ဒိုက်ဦး

ဆရာတို့ခင်ဗျာ ပုံပါ စပါးက မှိုရောဂါလား နီတိုဖြစ်တာလားဗျ့ (ပုံပါဆေး-တယ်ရီဆိုဒ်)ဖြန်းထားတာ မထူးခြားလို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
ပိုးမွှားရောဂါ စပါး စပါးရွက်ညိုပြောက်ရှည်ရောဂါ
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၁ နှစ် က

ပုံ အရ ဇင့်ချို့တဲ့တာဖြစ်ပါတယ် - မြေခံမှာ ကျောက်မှုန့်ထည့်ပါ ဟျူးမစ်ပါသော မြေဩဇာ ကိုသုံးပါ။ ထို့နောက် ဇင့်ပါသော ရွက်ဖျန်းမြေဩဇာ ကိုပေးနိုင်ပါတယ် ခင်ဗျ၊

348,948 လွန်ခဲ့သော ၁ နှစ် က

ရောဂါပိုးအမည် ‒ ရွက်ညိုပြောက်ရှည်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Cercosporajanseana (Sphaerulinaoryzina ) ကာကွယ်နှိမ်နှင်းနည်း ခံနိုင်ရည်ရှိမျိုးများကိုရွေးချယ်စိုက်ပျိုးခြင်သည်ဤရောဂါကိုအကောင်းဆုံးကာကွယ်ခြင်းဖြစ်သည်။ ရောဂါကင်းသောမျိုးစေ့ကိုသုံးပါ။ အာဟာရဓါတ် ပြည့်စုံသောမြေသြဇာကိုသုံးပါ။ စိုက်ခင်းရေငတ်ခြင်းမရှိစေရ။ အောက်ပါမှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။ (က) Propiconazole (ပရိုပီကိုနာဇိုး) (ခ) Tricyclazole (ထရိုင်ဆိုက်ကလာဇိုး) (ဂ) Thiophanate methyl + Thiram (သိုင်အိုဖာနိတ်မီသိုင်း+သိုင်ရမ်) (ဃ) Chlorothalonil (ကလိုရိုသာလိုနေး) (င) Carbendazim (ကာဗန်ဒါဇင်)

348,948 လွန်ခဲ့သော ၁ နှစ် က

အနာနှင့်ဆေး တစ်ခြားစီဖြစ်နေလို့ပါခင်ဗျ တယ်ရီဆိုဒ်သည် ဘက်တီးရီးယားရောဂါအတွက်ဖျန်းရတာပါခင်ဗျာ။ မိတ်ဆွေစပါးခင်းကရွက်ညိုပြောက်ရှည်ရောဂါကျရောက်နေတာပါခင်ဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။