အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,468
လွန်ခဲ့သော ၁ နှစ် က · သာယာဝတီ

မေးခွန်းတေကိုဖြေဆိုနေတဲ့ဆရာအပေါင်းတို့ရေ မဂ်လာပါဗျာ ကျတော်စပါးခင်းတေက မြက်သီးတေက ဘာဆေးဖျန်းဖျန်းမသေဘူးဖစ်နေတယ်...

မေးခွန်းတေကိုဖြေဆိုနေတဲ့ဆရာအပေါင်းတို့ရေ မဂ်လာပါဗျာ ကျတော်စပါးခင်းတေက မြက်သီးတေက ဘာဆေးဖျန်းဖျန်းမသေဘူးဖစ်နေတယ် နည်းလမ်းကောင်းလေးညွှန်ပေးပါအုံး မြက်သီးမျိုးစိပ်တေကွဲပြားနေတာလဲတွေ့ရပါတယ်

စိုက်ပျိုးနည်း စပါး စပါးပင်နှင့်ပေါင်းမြက်
Post image

ဖြေကြားချက် ၅ ခု

2,181 လွန်ခဲ့သော ၁ နှစ် က

စပါး အသက် ၁၂ ၁၃ ၁၅ ရက်သားကနေ ၁လသားအတွင်းဖျန်းပေးပါဗျ မဖျန်းခင်ရေကို ၁ရက်ကြိုသွင်းပေးပါ ဖျန်းမည့်နေ့ ရေပြန်ထုတ်ပေးပါ ဖျန်းမည့်ရေကို အတတ်နိုင်ဆုံးကြည်တာ သုံးပေးပါ ဖျန်းပီး ၂-၃ ရက်အတွင်းရေပြန်သွင်းပေးပါ စပါးအသက် ၁လ အကျော်မှ ဖျန်းလျှင်အဆင်မပြေဖို့များပါသည်။သေမှုရာနှုန်းလျော့ပါသည်ဗျ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ နှစ် က

မြက်သီးနဲ့ပတ်သက်လို့၊စပါးစိုက်တောင်သူများ အခက်တွေ့နေတဲ့အသံတွေ ကြားနေရပါတယ်။ မြက်သီး ဆိုပေမယ့် မျိုးစိတ်တွေ ကွဲပြားကြပါတယ်။ အချို့မြက်သီးကို quinclorac နဲ့ နိုင်ပေမယ့်၊အချို့မြက်သီးကို မနိုင်ဘူးလို့ ကြားသိနေရပါတယ်။quinclorac, နဲ့မသေတဲ့မြက်သီးကို,သေချာကြည့်ရင်၊အပင်ခြေဖြူပြီး အပင်ပုံစံက တက်ကွက်လိုလို ဆင်ဆင်တူပါတယ်။မျိုးစိတ်အသစ်လို့ယူဆပါတယ်။ ဒါကြောင့် ပေါင်းပင်၂-၄ရွက်အရွယ်မှာ၊ cyhalofop +fenoxaprop-p-ethyl အတွဲဖျန်းပါ။သို့မဟုတ် နီးစပ်ရာကျွမ်းကျင်ပညာရှင်များနဲ့တိုင်ပင်ပါ။

348,307 လွန်ခဲ့သော ၁ နှစ် က

စပါးတွေထိပါတယ်ဗျ စပါးရိတ်သိမ်းပြီးချိန်မှဖျန်းလို့ရပါမယ်

1,468 လွန်ခဲ့သော ၁ နှစ် က

ဆရာရေ glyphosateကစပါးတေမထိဘူးလားဗျ

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၁ နှစ် က

စပါးခင်းမြက်သီးကို glyphosate 1.25- 1.5 / acre ကိုammonium sulphate ထည့် ဖျန်းပါ နှုန်းမှနကန်ပါစေ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။