အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3
လွန်ခဲ့သော ၁ နှစ် က · သုံးခွ

လယ်၁ဧကမှာ ငါးခူ၁၀၀၀အထိမွေးမြူလို့ရတယ်ဆိုတာကဘယ်လိုမျိုးလဲသိချင်ပါတယ်။ရောင်းတန်းဝင်တဲ့အထိအကောင်ရေ၁၀၀၀မွေးမြူထား...

လယ်၁ဧကမှာ ငါးခူ၁၀၀၀အထိမွေးမြူလို့ရတယ်ဆိုတာကဘယ်လိုမျိုးလဲသိချင်ပါတယ်။ရောင်းတန်းဝင်တဲ့အထိအကောင်ရေ၁၀၀၀မွေးမြူထားလို့ရတာလားသိချင်ပါတယ်

မွေးမြူနည်း ငါးမွေးမြူနည်း

ဖြေကြားချက် ၂ ခု

6,582 လွန်ခဲ့သော ၁ နှစ် က

Information ပေးပြီး အကြံပြုခြင်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ဒေသတွင်း/ဇာတိမျိုးစိတ် (native species) ငါးခူကို Common name - Walking Catfish လို့ခေါ်ပြီး Scientific name - Clarias batrachus လို့ခေါ်ပါတယ်၊ မီးခိုးရောင်ဖျော့တယ်၊ အကြမ်းခံတယ်၊ သားဖောက်ရာမှာရော အသားတိုးမွေးရာမှာပါ ရှင်သန်နှုန်းနည်းပါတယ်၊ ထိုင်းငါးခူကတော့ အရောင်ရော အရသာပါမြန်မာငါးခူနဲ့ဆင်ပါတယ်၊ ဒါပေမဲ့ကိုယ်ထည်ဘေးနှစ်ဖက်မှာ အစင်းပျောက်တွေပါ​​ပြီး ခေါင်းအရွယ်အစားနဲ့ ပုံသဏ္ဍာန်အနည်းငယ် ကွဲပါသည်။ Common name - Broadhead catfish လို့ခေါ်ပြီး Scientific name - Clarias macrocephalus လို့ခေါ်ပါတယ်၊ သားဖောက်ရာမှာရှင်သန်နှုန်းကောင်းပေမဲ့၊ အကြမ်းမခံတာကြောင့် အသားတိုးမွေးမြူရေးမှာအတော်ဂရုစိုက်ရပါတယ်၊ အာဖရိကငါးခူ ကတော့အလွန်ကြီးထွားသန်မာပြီး အရမ်းလဲအကြမ်းခံပါတယ်၊ မီးခိုးရင့်ရောင်ရှိပြီး ဝမ်းဗိုက်ပိုင်းဖြူပါတယ်၊ Common name - African catfish လို့ခေါ်ပြီး Scientific name - Clarias gariepinus လို့ခေါ်ပါတယ်၊ သားဖောက်ရာမှာအလွန်ရှင်သန်နှုန်းကောင်းပြီး၊ အသားတိုးမွေးရာမှာလဲကြီးထွားနှုန်း၊ ရှင်သန်နှုန်းအလွန်ကောင်းပါတယ်၊ စားလို့တော့အရသာမကောင်းပါဘူး၊ ဒါပေမဲ့ အာဖရိကငါးခူမျိုးဟာအလွန် အန်တရယ်များတဲ့ Dangerous Species ဖြစ်ပါတယ်၊ဒီမျိုးစိတ်သဘာဝမှာပျံနှံ့သွားရင် ဒေသခံမျိုးစိတ်တွေမျိုးတုန်းသွားနိုင်ပါတယ်၊ ဒါကြောင့် ဒီငါးမျိုးစိတ်တစ်မျိုးထဲကိုဘဲ သားဖောက်ခြင်း၊ အသားတိုးမွေးခြင်းကို ငါးလုပ်ငန်းဦးစီးဌာနကပိတ်ပင်တားမြစ်ထားပါတယ်၊ စီးပွားဖြစ်မွေးသင့်တာက မျိုးစပ်ငါးခူဖြစ်ပါတယ်၊ အဖေ အာဖရိကငါးခူ (male) နဲ့ အမေ ထိုင်းငါးခူ (female) တို့မျိုးစပ်ပေါက်ဖွားလာတဲ့ မျိုးစပ်ငါခူ (Hybrid catfish) ဟာ အရသာရှိပြီး အကြမ်းလဲခံလို့ရှင်သန်နှုန်းကောင်းသလို၊ အတော်အသင့်ကြီးထွားနှုန်းကောင်းပါတယ်၊ ပတ်ဝန်းကျင်ငါးများအပေါ်ထိခိုက်မှုမရှိပါ၊ မျိုးစပ်ငါးခူမွေးခြင်းဖြင့် အကျိုးရှိနိုင်ကြောင်းအကြံပြုပါရစေ။

1,050 လွန်ခဲ့သော ၁ နှစ် က

ထိုင်းငါးခူဆိုမမွေးတာအကောင်းဆုံး အသေပျောက်များတယ်ရောဂါ ဝင်လွယ်တယ် လက်ရှိမွေးထားတာ အဆင်မပြေဘူး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။