ဖြေကြားချက် ၂ ခု
ကြက်ငါးရောမွေးတဲ့ကန်တွေမှာ ထည့်မွေးတဲ့ငါးတွေအနေနဲ့ငါးမြစ်ချင်း (40%)၊ ငါးတန် (30%)၊ ရေချိုငါးမုတ် (30%) အရောမွေးသလို၊ ငါးမြစ်ချင်း (35%)၊ ငါးတန် (15%)၊ ရေချိုငါးမုတ် (20%)၊ ရွှေဝါ ခေါင်းပွ ငါးကြင်း (10% each)မွေးနိုင်သလို၊ ငါးမြစ်ချင်း (85%)၊ မြက်စား(5%)၊ ရွှေဝါ(2.5%)၊ ရေချိုငါးမုတ်(1.2%)၊ ခေါင်းပွ(2.1%)၊ ငါးတန်(1.2%)၊ ငွေရောင်(3%) စသည်ဖြင့်ကြိုက်သလိုထည့်နိုင်ပါတယ်။ အဓိက ကတော့ကြက်နဲ့ငါးရဲ့ထည့်မွေးအချိုးပေါ်မူတည်ပြီး ကြက်တွေကထုတ်လိုက်တဲ့မစင်ပမာဏ (waste load)ကို Balance ဖြစ်စေနိုင်တဲ့ငါးအမျိုးအစားနဲ့အကောင်ရေကိုတွက်ချက်ထည့်သွင်းမှသာ ရေရှည် ကန်ရေအရည်အသွေးကိုထိန်းညှိနိုင်မှာပါ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာလက်ရှိ စီးပွားဖြစ်မွေးနေကြတဲ့ Farm တွေမှာ ကြက်-ငါးထည့်သွင်းအချိုးက (0.1:1) ကနေ (10:1) အထိရှိပါတယ်။ မိမိရဲ့အနေအထားနဲ့ဆီလျော်မဲ့ဟာကိုလုပ်ဆောင်ရမှာဖြစ်ပါကြောင်းအကြံပြာပါတယ်။
Integrated Farming System (ကြက်-ငါးရောနှောမွေးမြူခြင်းစနစ်ဖြစ်သည်။ ကြက်ကောင်ရေ ၁၀၀ သည် ၀.၁ ဧကကန်အတွက် minimum ထည့်သွင်းနှုန်းဖြစ်၍ ၁.၅ ဧကအတွက် ကောင်ရေ ၁၅၀၀ သည်သင့်တော်သည်။ အဆိုပါ ကန်တွင် ငါးကောင်ရေ ၆၀၀၀ ထည့်သွင်းမွေးမြူနိုင်သော်လည်း ဖြည့်စွက်အစာလိုအပ်ချက်ရှိလာနိုင်သည်။ ဖြည့်စွက်အစာမကျွေးလိုပါက ကန်အရည်အသွေးလဲထိခိုက်ညစ်ညမ်းမှုမဖြစ်စေရန် ကြက်နှင့်ငါးထည့်သွင်းမွေးမြူမှုအချိုး ၂း၁ (ကြက် ၂ ကောင်မှာ ငါး ၁ကောင်နှုန်းထည့်သွင်းမွေးမြူနိုင်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ND-IBကို အပူဒဏ်ခံတဲ့မျက်စဥ်းဘယ်မှာဝယ်လို့ရလဲဗျ အသုံးပြုနည်းလေးပြောပြပေးပါ ကြက်တွေကိုဘယ်လိုကာကွယ်ဆေးထိုးရမလဲ...
ဖြေကြားချက် 1 ခု
ကျွန်တော် အဲ့ဒီကြက်နီမျိုးကို အမငါးကောင် အထီးတစ်ကောင်မွေးမြူချင်လို့ အဲ့ဒီကြက်နွမျိုးနဲ့ကူဝိုင်လာနဲ့တစ်ခြံထဲ...
ဖြေကြားချက် 1 ခု
ကြက်အချွဲးကျက်ရောဂါကုနည်းလေးပြေားပြပေးပါအုံ ရာသီဥတုကြောင့်တစ်ကောင်ပြီတစ်ကောင်သေနေလို့ပါ
ဖြေကြားချက် 2 ခု
ငရှဥ့် မွေးမြူရေးက်ို စိတ်ဝင်စားလို မြေကန် နဲ့ အုပ်ကန် ဘယ်ကန်နဲ့မွေးလိုအဆင်ပြေလည် လက်ရှိမွေးမြူတဲ့သူတွေရှိရင်...
ဖြေကြားချက် 3 ခု
ကြက်မျိုးပွား
ဖြေကြားချက် 1 ခု