မိုးစပါးအတွက် လယ်ထဲ စပါးခွံရယ် စပါးခွံပြာရယ် မတ်ပဲကြိတ်ထားတဲ့နွားစာအမှော်ရယ် ကုလားပဲအမှော်ရယ် မနှစ်က မိုးမိ...
မိုးစပါးအတွက် လယ်ထဲ စပါးခွံရယ် စပါးခွံပြာရယ် မတ်ပဲကြိတ်ထားတဲ့နွားစာအမှော်ရယ် ကုလားပဲအမှော်ရယ် မနှစ်က မိုးမိပြီး ပျက်စီးသွားတဲ့ မတ်ပဲခွံတွေကိုမီးရှို့ထားတဲ့ပြာ တွေထည့်ဖို့စိတ်ကူးနေတာပါ မေးချင်တာက 1.စပါးခွံက နေပူထဲမှာ ထားထားတာနှစ်နှစ်လောက်ရှိပါ အခုသုံးလို့အဆင်ပြေမလားဗျ 2.စပါးခွံပြာကတော့ အုတ်ဖုတ်တဲ့အခါအပေါ်ယံမှာတင်ထားတဲ့ဟာပါ အရောင်ကတော့မဲမနေဘဲအဖြူဘက်တော့ပါပါတယ် အချ်န်ကတော့တစ်နှစ်ကျော်ပါ့ပီ ဒီတိုင်းထားတာ 3.မတ်ပဲနဲ့ကုလားပဲခြွေထားတဲ့ဟာတွေကမိုးမိပြီး မှိုအနည်းငယ်တော့တွေ့ပါတယ်သက်တမ်းကတော့ မတ်ပဲက4ကပိုင်းကုန်နဲ့ကုလားပဲက 2လပိုင်ကုန်ကစက်ထိုးထားတာတွေပါ 4.နောက်ပြီးမနှစ်ကမတ်ပဲမှော်ကမိုးမိပြီးပိက်စီးသွားတော့မီးရှို့ထားတာပါ အထက်မှာပြောထားတဲ့အခြေအနေအရ လယ်ထဲချလို့အဆင်ပြေမလားဗျ မတ်ပဲနဲ့ကုလားပဲခွံက မှိုသန်းနေတာဆိုတော့ လယ်စိုက်ရင်ရောဂါကျမှာစိုးလို့ပါ ဖြေပေးကြပါအုံးဆရာတို့