အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
483
လွန်ခဲ့သော ၁ နှစ် က

မေးပါရစေ ပညာရှင်အပေါင်းခင်ဗျာ၊ ပုံပါအတိုင်းနှမ်းမျိုးစေ့ထုပ်အမျိုးအစားများမှာ ထုပ်ပိုးမှုသပ်ရပ်ပါတယ်။ ဒါပေမဲ့...

မေးပါရစေ ပညာရှင်အပေါင်းခင်ဗျာ၊ ပုံပါအတိုင်းနှမ်းမျိုးစေ့ထုပ်အမျိုးအစားများမှာ ထုပ်ပိုးမှုသပ်ရပ်ပါတယ်။ ဒါပေမဲ့ သန့်စင်မှု /အပင်ပေါက် ရာခိုင်နှုံး/ထုပ်ပိုးရက်/ကုန်ဆုံးရက်မပါတာ မလိုအပ်လို့လား ? ၊ အထွက်တိုး ရည်ညွှန်းပြီး တာဝန်ခံမည့် လူပုဂ္ဂိုလ် /အဖွဲ့အစည်း /ကုမ္ပဏီ အမည် မပါလို့ သုံးသင့် /မသုံးသင့် အကြံပေးကြပါခင်ဗျာ ။

စိုက်ပျိုး ဗဟုသုတ နှမ်း စိုက်ပျိုးနည်းအကြံဉာဏ်
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

အထုပ်မှာအချက်အလက်မပါရင်,သီးခြားစာရွက်နဲ့ လမ်းညွှန်ချက်ပါရပါမယ်။ မပါရင် မသူံးသင့်ပါဘူး

483 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးတင်ပါတယ်ဆရာ ၊ တထုပ် ( 1kg ) ရဲ့တန်ဘိုး ၂×××× /ကျပ်ပေးရပြီးမိုးမျှော်/ကောင်းကင်ရေအားကိုး စိုက်ရတဲ့ တောင်သူတွေ အတွက် သီးနှံ တစ်ရာသီဆိုတာ ပြုပြင်ရန်ခက်ခဲသော ဘဝရဲ့အစိတ်အပိုင်းဖြစ်လို့ မည်သူ့ကိုမှ မနစ်နာစေလိုပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။