အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၁ နှစ် က · မော်လမြိုင်ကျွန်း

သီး‌မွှေးခွံဝါငှက်ပျောစိုက်ထားတာပါ အလက်‌တွေဝါလာလို့ပါခဗျ အရွက်တွေ‌ခြောက်သွားရင်ပုရွက်ဆိတ်တွေတက်လာပါတယ် အရွက်...

သီး‌မွှေးခွံဝါငှက်ပျောစိုက်ထားတာပါ အလက်‌တွေဝါလာလို့ပါခဗျ အရွက်တွေ‌ခြောက်သွားရင်ပုရွက်ဆိတ်တွေတက်လာပါတယ် အရွက်အောက်ဘက်မှာလည်းပုံထဲကပိုးကောင်တွေတွေ့ရပါတယ် ပျပိုးလို့ထင်နေလို့ပါ ဘာဖြစ်တာလဲခဗျ ဘာဆေးသုံးပြီးဘယ်လိုလုပ်ရမလဲဗျ ပျပိုး‌ကြောင့်ဖြစ်တာလား ဘာ‌ကြောင့်ဖြစ်တာလဲဗျ ဘယ်လိုပြန်ကောင်းအောင်လုပ်ရမလဲဗျ အပင်တွေသေသွားနိုင်လားဗျ အပင်တွေကလည်း ဆက်ကြီးမလာဘဲ ပင်စည်အလုံးတွေကျုံ့ပြီးသေးလာသလိုပဲ ခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၇ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးထစ်ချုန်း
Post image
Post image
Post image
Post image
Post image
+၈
3

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ နှစ် က

ပုရွက်ဆိတ်တက်တာကတော့၊ပျရှိလို့၊အချိုဓါတ်ရှိလို့ပါ။ရောဂါနဲ့ မဆိုင်ပါ။ ရောဂါအတွက်၊အောက်လက်ဝါတာတွေကို ဖြတ်ထုတ်ရှင်းလင်းပါ။မှိုသတ်ဆေးဖျန်းပါ။ အပင်ခြေထုံးဖြူးပါ

348,307 လွန်ခဲ့သော ၁ နှစ် က

ငှက်ပျောyellow sigatokaရောဂါပါ -ရောဂါကျရောက်နေသောအရွက်များကိုစိုက်ခင်းအဝေးဖယ်ရှားပေးပါ -အပင်ခြေရေမဝပ်ပါစေနဲ့ -carbendazim,propiconazole, Mancozeb ကို ၁၀-၁၅ရက်ခြား၃ကြိမ်ဖျန်းပက်ပေးပါ။

116 လွန်ခဲ့သော ၁ နှစ် က

အပင်သက်တမ်းက ၇လရှိပါပြီခင်ဗျ ကျေးဇူးပြုပြီး ဖြေပေးကြပါဦးခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အရွက်ခြောက်ပီးအပင်ထပ်ပီးမကြီးတော့ဘဲသေသေလာတယ်ခင်မျဘယ်လိုပိုးမျိုးကြလို့ပါလဲတပိုင်တနိုင်လေးအိမ်မှာစိုက်ထားတာပါ

ဖြေကြားချက် 1 ခု

ငှက်ပျောပင်တွေမှာ အူပိုးလိုက်တာ ဘယ်လိုလုပ်ရမလဲခင်ဗျာ

ဖြေကြားချက် 1 ခု

ငှက်ပျောပင် အဲ့ဒီပိုးတွေ ဖျက်ဆီးတာ ဘာလုပ်ရမလည်းခင်မျာ ပြီးတော့ ပိုးအမျိုးအစားလေးလည်းသိချင်ပါတယ်။ ပိုးနီသန်...

ဖြေကြားချက် 3 ခု

ပုံထဲက ပိုးကောင်က ဘာပိုးကောင်လဲ ခင်ဗျ ငှက်ပျောပင်တွေကို အန္တရာယ်ပေးနိုင်လား ခင်ဗျ သိရင်ဖြေပေးကြပါဦး ခင်ဗျ

ဖြေကြားချက် 2 ခု

ငှက်ပျော ၁၁လသားပါခင်ဗျာ တစ်နွေလုံးကောင်းခဲ့ပါတယ် အခိုင်းထွက်ခါနီးမှ ခုလို ပိုးတွေဝင်ပါတယ် တစ်ခြံလုံး နီးပါး...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။