အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,468
လွန်ခဲ့သော ၁ နှစ် က · သာယာဝတီ

ပုံပါဆေးကိုစပါးဘယ်နှစ်ရက်သားမှာဖျန်းသင့်လဲဗျ ဘယ်လောက်စီစီ ထည့်ဖျန်းရမလဲ ပြောပြပါအုံးဆရာတို့ရေ

Post image

ဖြေကြားချက် ၁ ခု

348,307 လွန်ခဲ့သော ၁ နှစ် က

ပုံကမရှင်းလင်းတော့ ပါဝင်သည့်ရာခိုင်နှုန်းအချိုးအစားများမမြင်ရ၍နှုန်းထား ညွှန်ကြားပေးရန်ခက်ခဲပါတယ်ခင်ဗျ။ ပါဝင်ပစ္စည်းများကတော့ Butachalor+Propanil ပေါင်းသတ်ဆေးအရောဖြစ်ပါတယ်။ မြက်၊မြက်မုံညင်းနှင့် ရွက်ပြန့်ပေါင်းများကို နှိမ်နှင်းရာမှာထိရောက်မှုရှိပါတယ်။ မျိုးစေ့ချပြီးချိန်(သို့) ရွှေ့ပြောင်းစိုက်ပြီးချိန် 7-12ရက်အတွင်းဖျန်းပေးနိုင်မှထိရောက်မှုရှိပါမယ်၊ပေါင်းပင်အရွက်၁ရွက်မှ၃ရွက်ထွက်ချိန်အတွင်းသုံးစွဲနိုင်မှနှိမ်နှင်းနိုင်ပါမယ်။ဆေးဖျန်းပြီး ၃ရက်အတွင်း ရေပါးပါးပြန်သွင်းပေးနိုင်ရင် အထိရောက်ဆုံးပါခင်ဗျာ။ ပါဝင်သည့်ရာခိုင်နှုန်းများကိုသိမှ နှုန်းထားတွက်ချက်ပေးလို့ရမှာဖြစ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။