အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
59
လွန်ခဲ့သော ၁ နှစ် က · ဟိုပုံး

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံး...ရွှေရင်အေး စပါးကို မစိုက်ခင် မြေခံထည့်ပီးနောက် ပိုင်း...ကျွေးရမည့် မြေသြဇာ...

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံး...ရွှေရင်အေး စပါးကို မစိုက်ခင် မြေခံထည့်ပီးနောက် ပိုင်း...ကျွေးရမည့် မြေသြဇာ နှင့် ဘယ်နှစ်ရက်လောက်မှာ ကျွေးရမလဲ... ဘယ်နှစ်ကြိမ် ကျွေးရမလဲ..အလင်းပြပေးကြပါ ဆရာသမားများ...

စိုက်ပျိုးနည်း စပါး စပါးမြေသြဇာကျွေးနည်း
Post image
Post image

ဖြေကြားချက် ၁ ခု

348,307 လွန်ခဲ့သော ၁ နှစ် က

မြေခံမှာ မြေဩဇာထည့်ပြီးပြီဆိုတော့ ပုလဲနိုက်ထရိုဂျင်ကို အပင်ကလိုအပ်မှကျွေးတဲ့စနစ်က‌အကောင်းဆုံးပါဗျ။ ရက်အလိုက်ကျွေးချင်ရင်တော့ ကောက်စိုက်အပြီး (14-20)ရက်အတွင်းတစ်ကြိမ်၊ကောက်စိုက်အပြီး (၄၆-၅၀)ရက်အတွင်း(မှို့ကပ်ချိန်) ပိုတက်ရှ်တစ်စိတ်တစ်ကြိမ်၊ကောက်စိုက်အပြီး(၆၀-၆၄)ရက်အတွင်း သို့မဟုတ်(အလံရွက်ထွက်ချိန် )ပုလဲသုံးချိုးတစ်ချိုးတစ်ကြိမ်၊ အနှံမထွက်မီ သို့မဟုတ် ကောက်စိုက်အပြီး ၇၅ရက်အတွင်းပုလဲသုံးချိုးတစ်ချိုးတစ်ကြိမ်ကျဲပက်ပေးသင့်ပါတယ်။ မြေဆီနှုန်းထားများကိုတော့ တောင်သူစိတ်ကြိုက်အတိုး‌အလျော့လုပ်နိုင်ပါတယ်ခင်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးရက်၁၃၀စပါးဆိုရင်မြေသြဇာဘယ်နစ်ကြိမ်သင့်လဲဘယ်အချိန်ဘယ်ရက်တွေကျွေးသင့်လဲဆရာကြီးတို

ဖြေကြားချက် 4 ခု

စပါးတစ်ရာသီကိုအစာဘယ်နစ်ကြိမ်ပတ်သင့်လဲဘယ်ရက်တွေပတ်သင့်လဲဘာအစာတွေကိုရွေးချယ်ပြီပတ်သင့်လဲသိတဲ့ဆရာကြီးတိုဖြေပေးပါ

ဖြေကြားချက် 1 ခု

မင်္ဂလာပါခင်ဗျ၊အချိန်ရရင်တစ်ခုလောက်ဖြေကြားပေးပါခင်ဗျကျွန်တော်တို့မိုးစပါးအတွက်မြေခံမှာတီစူပါအိတ်တစ်ဝက်နဲ့ပို...

ဖြေကြားချက် 1 ခု

ဆရာကြီးခဗျာ ပေါင်းသတ်ဆေးဖျန်းထားတာ၄ရက်ဖြစ်သွားပြီစပါးတေကောမြတ်တေကော ဝါနေတာကိုမြေသြဇာကျွေးလို့ရပြီလားဗျာ

ဖြေကြားချက် 2 ခု

အခုရောင်းနေတဲ့15ပတ်လည်ကွန်ပေါင်းတေကိုမသုံးဖဲ နိုက်ထရိုဂျင် 46 တစ်အိတ် တီစူပါတစ်အိတ် ပိုတတ်တစ်အိတ်စီရောပီးသုံး...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။