အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
367
လွန်ခဲ့သော ၁ နှစ် က · ကျုံပျော်

လယ်ထဲမှာ အဲ့မြက်တွေပေါက်တယ် ဆရာတို့ ပေါင်းသက်ဆေးနှစ်မျိုးမှာ ဘယ်ဟာကအကုန်သေနိုင်လဲဗျ ဆေးဖြန်းရင်မိုးမိမှာဆိုး...

လယ်ထဲမှာ အဲ့မြက်တွေပေါက်တယ် ဆရာတို့ ပေါင်းသက်ဆေးနှစ်မျိုးမှာ ဘယ်ဟာကအကုန်သေနိုင်လဲဗျ ဆေးဖြန်းရင်မိုးမိမှာဆိုးလို့ ဆေးဖြန်းမှရမှာလား ဖြေပေးပါဦး ပြီးတော့ပုံပါပေါင်းသက်ဆေးတွေကရေလှောင်ပြီးမှသုံးရတာလားဆရာတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
လယ်ယာသုံးစက်ပစ္စည်း စပါး စပါးပေါင်းသတ်ဆေးများ
Post image
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဆေးနှစ်မျိုးစလုံးကတူတူပါပဲခင်ဗျ။ ရေပါးပါး၁လက်မခွဲလောက်ထားပြီးကြဲပက်အသုံးပြုရပါပြီး၃ရက်မှ၅ရက်ထိထိုရေကိုလှောင်ပေးထားနိုင်မှထိရောက်မှုကောင်းပါမယ်။ ပုံပါပေါင်းသတ်ဆေးတွေက ရွှေ့ပြောင်းစပါးစိုက်ခင်းမှာဆိုရင်၃ရက်မှ ၇ရက်အတွင်း၊ တိုက်ရိုက်မျိုးစေ့ချစပါးခင်းတွေမှာဆိုရင်၅ရက်မှ၁၀ရက်အတွင်း အသုံးပြုပေးမှ ထိရောက်မှုကောင်းပါတယ်။ ပေါင်းပင်အရွယ်အစားများကလည်းကြီးနေတော့ ပေါင်းအားလုံးအတွက်ထိရောက်မှုနည်းနိုင်ပါတယ်။ ဆေးဖျန်းချင်ရင်တော့ Bispyribac sodium+ Bensulfruon -methyl ကို ရေထုတ်ပြီး ဖျန်းပေးပါ၊ ဆေးဖျန်းပြီး ၁ရက်မှ၃ရက်အတွင်း ရေပါးပါး၁လက်မလောက်ပြန်သွင်းပေးပြီး၅ရက်မှ၇ရက်အထိထိန်းထားပေးပါ။အထက်ပါဆေးကိုမရွေးချယ်ဘဲ Cyhalofop-butyl သို့မဟုတ် Quinclorac+Bensulfruon-methyl တမျိုးမျိုးကို ဖျန်းမယ်ဆိုရင်တော့ ရေ၂လက်မလောက်ထားပြီးဖျန်းပေးပါ ထိုရေကို၅ရက်မှ၇ရက်အထိထိန်းထားပေးပါ။ မိုးရွာသွန်းမှုများနေရင် မိုးလေဝသကင်းစင်ချိန်မှာဖျန်းပေးပါ။

You

ဆက်စပ်မေးခွန်းများ

စပါးပင်အသက်၉ရက်ရှိပါပီ ပုံပါဆေးအမည် အီရာပရိုပါကလော၇၀ က ၇ရက်နဲ့၁၀ကြားဖျန်းရတယ်ပြောပါတယ်ခုမှစသုံးတော့မရဲလို့ပါ စ...

ဖြေကြားချက် 1 ခု

တောင်ယာစပါးစိုက်ထားပါတယ် စပါးကြဲပြီးဘယ်ရက်လောက်သားမှာစပါးပေါင်းသတ်ဆေးထိုးသင့် လဲဘယ်ဆေးတွေကအသင့်တောါဆုံးလဲ။မ...

ဖြေကြားချက် 1 ခု

ပရီတီလာကလောကိုစပါး‌အခြေက်ကြဲခင်းမှာအုပ်ဆေးအဖြစ်သုံးလို့ရလားဆရာ

ဖြေကြားချက် 2 ခု

pretilachlor 30%ecနဲ့fenclorim 10%ec ပါတဲ့ပေါင်းသတ်ဆေးကို စပါးခင်းမှာ သုံးချင်ပါတယ်။စပါးခင်းရဲ့ ဘယ်လိုအခြေအနေ...

ဖြေကြားချက် 2 ခု

ဆင်းသုခစပါးကျဲခင်း၂လသားမှာ 2-4Dပေါင်းသတ်ဆေးကိုအသုံးပြုလို့ရပါသလားခဗျ်

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။