ဖြေကြားချက် ၁ ခု
ပြောင်းစိုက်ပျိုးရန်အတွက် မည်းနက်သော အရောင် (အနက်နှင့် အညိုရင့်ရှိပါကကောင်းသောလက္ခဏာပါ။ မြေဆီလွှာတွင် သဘာဝအာဟာရ (အော်ဂဲနစ်ပစ္စည်း) ကြွယ်ဝပြီး၊ ရေနှင့် အာဟာရထိန်းနိုင်စွမ်းမြင့်မားသည်။ နုန်းမြေက (ချောမွေ့ပြီး ညီညာသောအဆင်း)ပြောင်းစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပါသည်။ ရေနှင့်အာဟာရချိန်ညှိမှုကောင်းမွန်သည်။ ပြောင်းစိုက်ပျိုးရန် အကောင်းဆုံးမြေသည် မြေချဉ်ငန်pH 6.0–7.0အတွင်းရှိပြီး ရေထုတ်ကောင်းသည့် နုန်းမြေ သို့မဟုတ် နုန်းသဲမြေဖြစ်သင့်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အမည်ထဲမှာ ဂွေးတောက် မတွေ့လို့ပါ! သိချင်တာက! လှည်းကူး(YGN)မြို့နယ်မှာ မြေဆီလွှာကျန်းမာရေးစစ်ချင်ရင် ဘယ်မှာ စစ်...
ဖြေကြားချက် 1 ခု
ထယ်မညက်ရင်လည်းပြောင်းအပင်ပေါက်နှုန်းကြဲတာနဲ့သက်ဆိုင်လားရှင့်
ဖြေကြားချက် 3 ခု
ပြောင်းက10ရက်သားရှိပြီအပင်မထွက်လာလို့မြေတူးကြည့်တာအဲ့လိုမျိုးလေးတွေ့ရလို့ဘယ်လိုဖြစ်တာလည်းရှင့်
ဖြေကြားချက် 1 ခု
ပြောင်းမျိုးစေ့စိုက်ပြီးအပင်မပေါက်ဘူးအစေ့ကိုတူးကြည့်တော့အစေ့ကမှိုတက်နေတာအဲ့တာဘာလို့လည်းရှင့်
ဖြေကြားချက် 2 ခု
ပြောင်းနဲ့ပတ်သက်၍ သိသမျှလေးဖြေပေးပါလားဗျ
ဖြေကြားချက် 2 ခု