အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,804
လွန်ခဲ့သော ၁ နှစ် က · ချောက်

ခရမ်းချဥ် ပထမပုံ ကရွှေ့မစိုက်ခင်ပုံ ဒုတိယပုံက ရွှေစိုက်ပီး ၇ ရက်မြောက်ပုံ ရွှေ့စိုက်ပီးမှပိုဆိုးနေသလားလို့ပါ...

ခရမ်းချဥ် ပထမပုံ ကရွှေ့မစိုက်ခင်ပုံ ဒုတိယပုံက ရွှေစိုက်ပီး ၇ ရက်မြောက်ပုံ ရွှေ့စိုက်ပီးမှပိုဆိုးနေသလားလို့ပါ ဘာတွေလိုအပ်နေတာလဲ ကြည့်ပေးပါအူး ရွှေ့စိုက်ပီး မိုးအသင့်သင့်ရွာပါတယ် အမြစ်ကလဲ မထွက်သလိုလို ဖြစ်နေတယ် ကွန်ပေါင်းကျွေးလို့ရပြီလားဆျာ ဘာတွေမှားနေ လိုအပ်နေသလဲ ဆိုတာ ရှင်းပြပေးပါအူး

မြေဆီလွှာ ခရမ်းချဉ် ခရမ်းချဉ်ခါးရိရောဂါ
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

348,989 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ခါးရိရောဂါ(Damping off)ဖြစ်နိုင်ပါတယ်။ ရေဝပ်ခြင်း၊မြေကြပ်ခြင်းမရှိအောင်ဆောင်ရွက်ပေးပါ။ ထရိုင်ကိုဒါးမားမှိုကို ရေဖျော်ဖျန်းပေးပါ။ သို့မဟုတ် စိုက်ခင်းအပင်ခြေကို metalaxy သို့ Foestyl -Al ကိုအပင်ခြေရွှဲအောင်ဖျန်းပေးပါကအသေအပျောက်နည်းနိုင်ပါမယ်

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၁ နှစ် က

ပျိုးပင်ဘဝမှာ အဆင်မပြေတာ ဖြစ်ခဲပါတယ်။ ပျိုးမြေထည့်စဉ်က ဘာတွေစပ်ခဲ့သလဲ သိချင်လို့ပါ။ အခုအခြေနေကတော့၊အမြစ်သစ်ထွက်အောင်လုပ်ပေးရင်ရနိုင်ပါတယ်။ ဖို့စတိုင်းအလူမိနိယံ+အဇိုဇီစထိုဘင် ၄ဇွန်း+၂ဇွန်းရောပြီးအပင်ခြေဖျန်းပေးပါ။ ၅ရက်ခြားပြီး ပိုတက်စီယံဟူးမစ် အပင်ခြေထည့်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။