အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4
လွန်ခဲ့သော ၁ နှစ် က · ငပုတော

ကျွန်တော်တို့အခေါ် လျောကွင်းပေါ့၊ ပုစွန် ဂဏန်း ငါး မွေးကန်ပေါ့။ ကွင်းကပစ်ထားတာ ၂နှစ်လောက်ရှိသွားတော့ တူး...

ကျွန်တော်တို့အခေါ် လျောကွင်းပေါ့၊ ပုစွန် ဂဏန်း ငါး မွေးကန်ပေါ့။ ကွင်းကပစ်ထားတာ ၂နှစ်လောက်ရှိသွားတော့ တူးမြောင်းတေက တိမ်သွားပါတယ်၊ ပြီးတော့ အပင်တေထူလာပီးတော့ မြက်ခါးတေက ဗျက်လို့အခေါ် ကွင်းအနီ၀ိုင်းထားတဲ့နေရာမှာ ထူနေပါတယ်။ ပုဇွန်ကြီးထွားနှုန်း လျော့လာတာက ၂ခွဲ ၃လက်မအကြီးဆုံးဖြစ်လာပါတယ်။ အခုလက်ရှိမှာ ပြန်လည်လုပ်ကိုင်နေပါတယ်။ ပတ်ပတ်လည်ကို အနက် ၆ပေလောက်တူးဖို့ရှိပါတယ်၊အကျယ်လည်း ၆ပေလောက် တူးဖို့ရှိပါတယ်။ သဘ၀ပုဇွန်သားပေါက်ကတော့ ရသလောက် ထည့်ပါတယ်။ အဓိက က ဂဏန်းကို အားသန်တာမို့ ဂဏန်းလည်းအထွက်များ ပုဇွန်ရာသီလည်း ရသင့်သလောက် size ကြီးသင့်သလောက် ကြီးစေချင်တာမို့ ဘာလုပ်သင့်တယ်ဆိုတာမျိုး ဖြေပေးစေချင်ပါတယ်။ နေရာကတော့ လပွတ္တာ ဘက်ကပါ။

Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၇ ခု

6,582 လွန်ခဲ့သော ၁ နှစ် က

(၅) မွေးမြူရေးကာလတစ်လျှောက် စောင့်ကြည့်ထိန်းသိမ်းခြင်း - - မွေးမြူရေးကာလတစ်လျှောက်ဒေသရဲ့ရာသီဥတုအခြေအနေ၊ ကန်ရေအရည်အသွေးကိုစောင့်ကြည့်ခြင်း၊စုံစမ်းစစ်ဆေးခြင်း၊ ကာကွယ် ခြင်းများဆောင်ရွက်ရန်၊ - မွေးထားတဲ့မျိုးစိတ်တွေပုံမှန်အတိုင်းလှုပ်ရှားစားသောက်မှု/ရောဂါဖြစ်ပွားမှု/သေဆုံးခြင်းဖြစ်ပွားမှု ရှိ/မရှိစတာတွေကိုဂရုစိုက်စောင်ကြည့်သွားရန်လိုကြောင်း အကြံပြုအပ်ပါတယ်။

6,582 လွန်ခဲ့သော ၁ နှစ် က

(၄) အစာကျွေးခြင်း (Feeding) - ကဏန်းကိုသဘာဝအစာဖြစ်တဲ့ခရု၊ ငါးနုတ်ငါးဖွဲ၊ ဂုံးအသားလေးတွေတုံးပြီးကျွေးနိုင်ပါတယ်၊ ဖြည့်စွက်စာအနေနဲ့လဲ အသားဓာတ်၂၅% ပါတဲ့အစာတောင့်ကျွေးလို့ရပါတယ်။ - ပုစွန်အတွက်သဘာဝအစာအဖြစ်အုန်းသီးကိုအစိတ်လေးတွေလုပ်ပြီးကျွေးနိုင်သလို၊ ဖြည့်စွက်စာအနေနဲ့ အသားဓာတ် ၃၀%ပါတဲ့အစာတေင့်ကျွေးလို့ရပါတယ်။ - ငါးအတွက်ကတော့ရေအရည် အသွေးကောင်းရင်သဘာဝအစာကိုစားနိုင်သလို၊ ပဲဖတ် ဖွဲနုအပြင် အသားဓာတ် ၂၀% လောက်ပါတဲ့အစာတောင့်လဲကျွေးလို့ရပါတယ်။

6,582 လွန်ခဲ့သော ၁ နှစ် က

(၃) ထည့်သွင်းမွေးမြူနှုန်းနှင့်မွေးမြူသည့်မျိုးစိတ်များအားထိန်းညှိခြင်း (Stocking Density & Species Balance) - ကဏန်းထည့်သွင်းနှုန်းအနေနဲ့ အခွံပျော့ထုတ်လုပ်မှုအတွက်မဟုတ်ဘဲ အခွံမာထုတ်လုပ်မှုအတွက်ဆိုရင် တစ်ဧက ကို ကောင်ရေ ၃၀၀၀ ထည့်ပေးနိုင်ပါတယ်။ - ရေချိုပုစွန်တုပ်ဆိုရင် တစ်ဧက ၈၀၀၀ နှုန်း၊ ရေငံပုစွန်ကျားဆိုရင် တစ်ဧက ၁၀၀၀၀ နှုန်းထည့်ပေးနိုင်ပါတယ်။ - ရေပေါ်/ရေလယ်ကျက်စားတဲ့(ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ စတဲ့) အစာကိုစုပ်စားတဲ့ရေချိုငါးတွေကိုထည့်သွင်းနှုန်းနဲနဲဘဲထည့်စေခြင်ပါတယ် (တခြားမွေးထားတဲ့မျိုးစိတ်တွေအပေါ်အစာပြိုင်ဘက်မဖြစ်အောင်)။ - မိမိစိတ်ကြိုက်လဲထည့်သွင်းမွေးမြူနိုင်ပါတယ်။

6,582 လွန်ခဲ့သော ၁ နှစ် က

(၂) ရေထိန်းသိမ်းမှုနှင့်ရေအရည်အသွေး - ကန်ရေဧရိယာပေါ်မူတည်၍ ထုံးထည့်ပေးခြင်း၊ သြဇာဓာတ်ထည့်ပေးခြင်းပြုလုပ်နိုင်ပါက ကန်ရေ pH မြင့်မားလာပြီးကန်ရေသြဇာကြွယ်ဝကာ သဘာဝအစာ​ပေါပြီးကန်ရေအရည်အသွေးပိုကောင်းလာမည်၊ ထုံးထည့်ပြီး ၄/၅ ရက်ကြာမှသြဇာဓာတ်ထည့်ပေးရမည်။ - ရေငံဝင်ရောက်ရာဒေသဖြစ်၍ကန်ရေ၏အငံနှုန်း(Salinity) သိရန်လိုသည်၊ ရေငံတွင်ရေငံပုစွန်ကျားနှင့်ရွှံ့ကဏန်းတို့ကောင်းစွာနေနိုင်သော်လည်းရေချိုမွေးမြူရေးငါးများအတွက်အငံနှုန်းမြင့်သည့်ရေတွင်သေနိုင်သည်။ - အခြားအရေးကြီးသည့်ကန်ရေ၏ pH D.O Ammonia တို့ပါစစ်ဆေးနိုင်ပါကပိုကောင်းသည်။ - ရေသွင်းရေထုတ်ပုံမှန်လုပ်ပေးနိုင်ကအကောင်းဆုံးဖြစ်သည်။

6,582 လွန်ခဲ့သော ၁ နှစ် က

(၁) ကန်တည်ဆောက်ပုံ (Structure) ပုံစံကျအောင်ပြင်ရန် - ကန်ရေပြင်ဧရိယာအကျယ် (ခန့်မှန်းဧက)သိအောင်ဆောင်ရွက်ရန်။ - ရေနေအနည်းဆုံးအချိန် ရေအနက် ၅ပေခန့်ရှိအောင်ကန်အောက်ခြေမှကန်ဘောင်အထိ ၈ပေခန့်ထားရန်။ - ရေအောက်ရေပေါ်ပင်ပေါက်နေမှုများအားရှင်းရန် (ရေပေါ်ပင်ကို ကန်ရေဧရိယာ၏ ၁၀%ထက်မပိုစေရန်နှင့်ကန်အောက်ခြေအပင်များမရှိစေရန်)။ - ကန်တွင်းသို့ရေသွင်းရာတွင်ငါးရိုင်းများမပါအောင်ရေစစ်ပြီးသွင်းရန်။ -

6,582 လွန်ခဲ့သော ၁ နှစ် က

ကန်အနေအထားကတာပတ်ထားတဲ့သဘာဝအတိုင်းဒီရေတက်လာရင်ရေသွင်းမယ်၊သဘာဝအလျှောက်ပါလာတဲ့ပုစွန်သားပေါက်ရှိမယ်၊ သီးသန့်လဲသဘာဝသားပေါက်ထည့်ပေးမယ်၊ ကဏန်းရောငါးပါရောထည့်ထားပြီး သဘဝအတိုင်းမွေးထားတဲ့ Natural Pond System လိုမျိုးဖြစ်နေပါတယ်။ ပစ်ထားတာ၂ နှစ်လောက်ရှိပြီဆိုတော့တူးမြောင်းတွေကောပြီး မြက်တွေပေါက်နေတာတွေက မွေးထားတဲ့မျိုးစိတ်တွေကြီးထွားနှုန်းထိခိုက်ရတဲ့အကြောင်းရင်းဖြစ်နေနိုင်ပါတယ်။ အဓိကလုပ်သင့်တာတွေကို အဆင့်လိုက်လုပ်သွားဘို့အောက်ပါအတိုင်းအကြံပြုပါတယ်။

4,766 လွန်ခဲ့သော ၁ နှစ် က

အောင်မြင်ပါစေ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။