အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,748
လွန်ခဲ့သော ၁ နှစ် က · ချောက်

ဆရာခင်ဗျ ပုံလေးတေသေချာကြည့်ပီးဖြေပေးပါအူး ၁ ။ ခရမ်းချဥ် ကြားမှာ ပဲတောင့်ရှည့်ညှပ်စိုက်ထားတာ ပြဿနာရှိနိုင်ပါသ...

ဆရာခင်ဗျ ပုံလေးတေသေချာကြည့်ပီးဖြေပေးပါအူး ၁ ။ ခရမ်းချဥ် ကြားမှာ ပဲတောင့်ရှည့်ညှပ်စိုက်ထားတာ ပြဿနာရှိနိုင်ပါသလား? ( ပဲပင်တွေနှုတ်သင့်မနှုတ်သင့် ဆရာ ) ၂ ။ ပုံ နှစ်ပုံမြောက်မှာ ပဲ ပင်သက်တမ်းက ၂ ကျော်ပါပြီ မိုးမရွာတော့ အသီးသိပ်မရခဲ့ပါခင်ဗျ အခုမိုးတွေ ဆက်တိုက် ရွာနေချိန်မှာ အပွင့်တွေ ရောအသီးတွေရော ဆက်တိုက် လိုက်လာပါတယ် ။ ဒါပေမဲ့ မြင်ရတဲ့အတိုင်း ဆေးကမနိုင်ပဲ ပိုးကနိုင်သွားပါတယ်ခင်ဗျ ။ မိုးဥိးစိုက်ထားတဲ့အပင်အားအလိုတွေချည်ပါပဲခင်ဗျ။ အဲ့အပင်တွေ မှာ ဖြစ်ပေါ်နေတဲ့ရွက်ထွင်ပိုးပြဿနာက အသီးပွင့်အတွက် ပြဿနာရှိနိုင်ပါသလား ။ ရှိနိုင်ရင်လဲ အဲ့အပင်ကြီးတွေကိုနှုတ်ပစ်ပြီး အသစ်ပြန်စိုက်ရ မလား ။ ဒါမှမဟုတ်ဒီတိုင်းလေးပဲ ထားရမလားခင်ဗျ ။ အခုမနက်တော့ ဒိုင်လေးနဲ့ ထူးကောင်းဖျန်းခဲ့ပါတယ် ။ ၃ ။ နောက်ဆုံးပုံ ပဲပင်ပေါက်လေးတွေပါ အရင်မိုးဦးအပင်ဟောင်းတွေနဲ့ ကပ်လျက် စိုက်ထားတာပါ အဲ့ပင်ပင်လေးတွေမှာဆိုရင် ပိုးလေးတွေကျနေတာတွေ့ရပါတယ် ။ အခြားဝေးတဲ့နေရာမှာစိုက်ထားတဲ့ ခရမ်းချဥ်နဲ့ညှပ်စိုက်ထားတဲ့ပဲပင်လေးတွေဟာ ပိုးကင်းပြီးစိမ်းစိုနေပါတယ်ခင်ဗျ။ ဒါပေမဲ့ အခုမနက် ဆေးဖြန်းချိန်မှာ အဖြူကောင်လေးတွေ ထ ထ ပြန်ပါတယ်ခင်ဗျ ။ ဒိုင်လေးနဲ့ပဲ ဖြန်းခဲ့ပါတယ် ။ ခရမ်းချဥ် ပဲပင်တွေအားလုံး ထူးကောင်း 3 ဇွန်း ဒိုင်လေး တစ်ဇွန်းခွဲ ဖျန်းခဲ့ပါတယ် သုံးပ်ကြည့်ရှုပြီးအကြံဥာဏ်လေးပေးပါအူးခင်ဗျ

ပိုးမွှားရောဂါ ပဲတောင့်ရှည် ယင်ဖြူ
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

348,307 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

အဖြူရောင်အကောင်လေးတွေက ယင်ဖြူဖြစ်နိုင်ပါတယ်ဗျ၊ ကျရောက်မှုများရင် အဝါရောင်ဗိုင်းရပ်စ်ရောဂါကျရောက်နိုင်တာကြောင့် အကောင်အရေအတွက်များလာရင် Acephate ဖျန်းပက်ခြင်းဖြင့်ကာကွယ်ထားပေးပါဗျ

348,307 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဖျက်ပိုးစိုးရွားစွာကျရောက်ထားသောအပင်များတော့ စိုက်ခင်းအဝေးနှုတ်ယူဖျက်စီးပစ်ပါဗျ။

348,307 လွန်ခဲ့သော ၁ နှစ် က

ပင်စိမ်းပင်များကို စိုက်ခင်းပတ်ပတ်လည်တွင်စိုက်ပေးပါ။ အပင်ခြေထင်းပြာဖြူးပေးပါ။ အစိုဓာတ်မများအောင်ဂရုစိုက်ပါ။ Abamectin, Acetameprid, Spiromesifen စတဲ့ဆေးများကို ရွေးချယ်ဖျန်းပက်ပေးနိုင်မှထိရောက်ပါမယ်ဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။