အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
860
လွန်ခဲ့သော ၁ နှစ် က · မြောင်းမြ

ပဲတီစိမ်းခုတ်ဖုံးနည်းစနစ် အကြောင်းသိချင်လို့ခုမှခုတ်ဖုံးနည်းစနစ်ပြောင်းချင်လို့

စိုက်ပျိုးနည်း ပဲတီစိမ်း ပဲတီစိမ်းစိုက်ပျိုးနည်း

ဖြေကြားချက် ၁ ခု

348,301 လွန်ခဲ့သော ၁ နှစ် က

ခုတ်ဖုံးပဲတီစိမ်းကတော့ စပါးရိတ်ပြီး မြေအစိုဓာတ်ရှိနေချိန်မှာ မျိုးစေ့ပဲကို ရိုးပြတ်ထဲမှာ ပေါက်ကြဲကြဲခြင်း ဖြစ်ပါ တယ်။ ပြီးရင် ရိုးပြတ်တွေကို ဓားနဲ့ခုတ်ပြီး ပဲစေ့ပေါ်မှာ ဖုံးပေးတာဖြစ်တဲ့အတွက် ခုတ် ဖုံးပဲလို့ခေါ်တာ ဖြစ်ပါတယ်။ရေလိုက်ပဲနဲ့ ခုတ်ဖုံးပဲဟာ မြေယာပြုပြင်စရာမလိုဘဲ ထယ်ရေးမဲ့စနစ်ဖြစ်တဲ့အတွက် ကုန်ကျစရိတ်သက်သာပြီး ပဲထွက် လည်းကောင်းတာ တွေ့ရပါတယ်။ ဒါပေ မယ့် အစိုဓာတ်မိဖို့အတွက် စိုက်ချိန်မှန် အောင် အထူးဂရုပြုဖို့ လိုပါတယ်။ ရေ လိုက်နဲ့ ခုတ်ဖုံးပဲ စိုက်ပျိုးမယ်ဆိုရင် သဲ ဆန်လွန်းတဲ့မြေ၊ အစိုဓာတ်မထိန်းနိုင်တဲ့ မြေတွေမှာ မစိုက်ပျိုးသင့်ပါ။ ကိုင်းကျွန်း မြေတွေမှာမူ မိုးရာသီ ရေလွှမ်းနုန်းပို့ပြီး ရေပြန်ကျသွားတဲ့အခါ ကိုင်း၊ ကျွန်း ပဲတီ စိမ်းအဖြစ်စိုက်ပျိုးကြပါတယ်။ သီးထပ် ပဲတီစိမ်းမဟုတ်ပါ။ ရေလိုက်ပဲတီစိမ်းနဲ့ ခုတ်ဖုံးပဲတီစိမ်း စိုက်ပျိုးမယ်ဆိုရင် စပါး အောင်ရေလွှတ်ချိန်မှာ တီစူပါမြေဩဇာအိတ်ဝက်ကို စပါးခင်းမှာ ပဲအတွက် ကြိုတင်ပက်ကြဲထားဖို့လိုပါတယ်။ မျိုးစေ့ နှုန်းကို ၁၀-၁၂ ပြည်လောက် အသုံးပြုဖို့ လိုအပ်ပါတယ်။ Crd, ဆရာကြီးဒို့ဦးလေး

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်း ရေဆင်း 14 စိုက်ပျိုးနည်းအပြည့်စုံကိုအသေးးစိတ်သိချင်လို့ပါခင်ဗျာ

ဖြေကြားချက် 1 ခု

ပဲတီစိမ်း ငယ်စဉ်မှ အပင်သက်တမ်းတလျှောက် အားဆေး ပိုးဆေးအကြောင်း သိချင်ပါသည်

ဖြေကြားချက် 1 ခု

ကျွန်တော်တို့မြို့နယ်ဘက်မာ ပဲတီစိမ်းစိုက်လို့ရနိူင်မလာဆရာဖြေကြားပေးပါဗျ

ဖြေကြားချက် 1 ခု

သီးစားဧကနှစ်ဆယ်‌ေကာက်လုပ်တယ်မိုစပါးကိုကွင်းအနေထားရ နယုန်လဆန်းလောက်မှာစပါးချတာဝါဆိုလရောက်တော့တာကျိုးလို့ရေမြုပ်...

ဖြေကြားချက် 1 ခု

အချို့ဒေသတွေမှာပဲတီစိမ်းစိုက်ကြတာ စပါးရိတ်ပြီးမြေအစိုဓာတ်ရှိနေချိန် ပဲကိုကြဲပက်လိုက်တယ် ပြီးမှရိုးပြတ်ကိုမခုတ်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။